Professional Authors

မြင်နိုင်ခွင့် (မင်းလူန)

         (၁)
ခါးသီးလာတဲ့ 
ခါးစည်းခံရမှု့ တွေများလာတော့ 
ကံတရားဆိုတာ
မျက်လှည့် ဆရာထက်
ပိုပြီးကောက်ကျစ်တယ်လို့ ထင်လာတော့ တာပဲ
          (၂)
ချိတ်ပြီးဆက်ထားတဲ့ 
ဒီနေ့ နဲ့ မနက်ဖြန်ကြားမှာ
ကိုယ့် ကိုကိုယ်ဘယ်လို့ 
အာမခံထားမယ်လို့ ယူဆထားလို့ 
တွက်ချက်မှု့ တွေကို
စီမံကိန်းတွေထဲချရေးပြီး
တစ်ယောက်ကိုတစ်ယောက်ပစ်ခတ်နေရတာလဲ
           (၃)
စီမျောနေတဲ့ ကဗျာတစ်ပုဒ်မှာ
စည်းစနစ်တွေပျောက်နေပြီလို့ ပြောနေတဲ့ ပါးစပ်တွေခဏပိတ်
ပြီးရင်
ကဗျာဟာဘယ်လိုအဓိပ္ပါယ်ထွက်လို့ ရတဲ့ ဘာသာစကားလို့ 
ယူဆပြီး
ဘယ်သူတွေစပြီးမွေးဖွါးတယ်ဆိုတာကိုသိအောင်စဉ်းစား
ပြီးရင်
ကဗျာဟာဘာပါလို့ ပြောဖို့ ပြင်နေတဲ့ ခင်ဗျားတို့ ပါးစပ်ထဲက
စကားလုံးတွေကိုပြန်နှိုက်ထုတ်ပြီးကြည့် 
အဲ့ ဒီမှာကဗျာတွေရှိတယ်လို့ လက်ခံရင်
ဒီကဗျာကိုပြုံးပြခဲ့ ရုံနဲ့ တင်
××××××××××××××××      မင်းလူန

In: ကဗျာ Posted By: Date: Nov 3, 2011
Comment #1

အားပေးသွားပါတယ်……

commentinfo By: May Kha at Nov 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment