Professional Authors

နင်ဖတ်ဖို့ရာ သ၀ဏ်လွှာ

မိုက်မဲခြင်းမြို့ရဲ့ အစွန်းတစ်ဘက်မှာ

အမှန်တရားတစ်ခု စောင့်မျှော်နေတယ်

ကြိုဆိုရေးမြူခိုးတွေဆီးကြို

ရှေ့တည့်တည့် မြင်နိုင်ဖို့ရာ ခဲယဉ်းလေတယ်

အမှောင်တိုက်မြို့တော်မဟုတ်

အလင်းရောင်ကို လျစ်လျှူရှုမိလို့

ခြေရာတိုင်းမှာ

ပျော်ရွှင်ခြင်းတွေနှင့်အတူ နာကျင်မှုတွေပါ

ငြိတွယ်လာကြတယ်

စိတ်စေရာကြိုးတွေကို ရင်ခွဲဓားနဲ့

အစိတ်စိတ်မွှန်းလို့ဖြတ်

သုညဒီဂရီအောက် အေးခဲနေတဲ့

ခံစားချက်တွေနဲ့

ရဲရင့်စွာ ရှေ့ဆက်ခဲ့

မြို့လယ်ခေါင်မှာ မီးရောင်သဲ့သဲ့

သတိလက်လွတ် တိုးအကပ်

တရစပ် အပူတွေဟပ်လို့

ငါ့ ဘုရင်မ

စစ်ပြန်ခေါက်ဖို့ အမိန့်ပေးချိန်

သည်မီးတောက် .. ငါ့ရင်ထဲကိုမှ တိုင်းခန်းလှည့်ဖို့ရောက်

မီးပန်းကွင်းတွေရဲ့ကြား

ဘယ်ညာယိမ်းလှုပ်ရှားကာ ဟန်ချက်လွဲခဲ့တယ်

ရေဓါတ် မီးဓါတ် စီးချင်းထိုးကြရာ

မီးမသေခင် ဘုရင်မ ပျောက်ခဲ့ရလေတော့

စီးဆင်းလာသမျှ ရေတွေဆိုတာ ပူလောင်လွန်းလို့

ငါ့ရင်ကိုခွဲ အသဲကိုထုတ်

မီးစာကျွေးရင်း

ပွဲသိမ်းခဲ့ရလေတယ်။             ။

 

မေခက်ဆူး

13 Dec 2011

(8:00 PM)

In: ကဗျာ Posted By: Date: Dec 13, 2011
Comment #1

ခံစားချက်တွေနဲ့

ရဲရင့်စွာ ရှေ့ဆက်ခဲ့

commentinfo By: nhankaunglay at Dec 14, 2011
Comment #2

A Yan Ko good par Ei!

commentinfo By: ပုထုဇ၁ု at Dec 14, 2011
Comment #3

ရဲရဲတောက် သဝဏ်လွှာ ..

commentinfo By: နတ်သမီး at Dec 14, 2011
Comment #4

goodတယ်ဗျာ…
တကယ်.ကောင်းတယ်။အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 14, 2011
Comment #5

Good ပဲဗျာ…၊ တော်တော်မိုက်တဲ့ သဝဏ်လွှာ ..လေးပါ…။

Comment #6

အားပေးသွားပါတယ်နော်…………ကောင်းပါ၏။

commentinfo By: May Kha at Dec 16, 2011
Comment #7

ပွဲသိမ်းခဲ့ရလေတယ်။ ။

commentinfo By: SoFarAwayFromU at Dec 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment