Professional Authors

စစ်တုရင်

စစ်တုရင် မှာ
စစ် တုရင် မှာ
စစ်တု ရင် မှာ..။
စစ်သူကြီး။
ခိုင်းတာလုပ်မယ်။ ဘေးကိုပဲသတ်မယ်။
ရှေ့ကပိတ်ထားရင်
ဆက်တက်မရ၊ နောက်ပြန်လှည့်မရ။
စထွက်မှာနှစ်လှမ်း။ နောက်တော့တစ်လှမ်း။
ခရီးဆုံးရောက်တဲ့အခါ တစ်ယောက်ယောက်ပြန်ဝင်စားဖို့ သေပေးလိုက်ရ။

ရထား။

အကွာအဝေးအစအဆုံး ဖြောင့်ဖြောင့်သွားတယ်။
ကျော်မရ။ ခွမရ။ အတည့်အတိုင်း။ ကန့်သတ်နယ်မြေမရှိ။
ဘယ်တစ်ယောက်။ ညာတစ်ယောက်။

မြင်း။

ခုန်တယ်။ ကျော်တယ်။ (L) ပုံစံသွားတယ်။
L ဆိုတာ Liar လည်းဖြစ်နိုင်တယ်။
L ဆိုတာ Loyalty လည်းဖြစ်နိုင်တယ်။
ဘယ်လိုအကြီးအကဲဖြစ်စေ၊ ဘယ်လိုလူစွမ်းကောင်းဖြစ်စေ
ကာထားပေးလို့မရ။
သူသတ်ချင်တဲ့လူကိုပဲသတ်တယ်။

ဘုန်းကြီး။

မျက်စောင်းထိုးပဲ သွားတယ်။ တစ်ရောင်ထဲပဲသွားတယ်။
တစ်ဖက်ကိုအပိုင်ဖမ်းဖို့ ကြားဝင်ပေးရတဲ့ 
ကြားခံ သို့မဟုတ် အသုံးခံ။
သူသေလည်း တန်ဖိုးကြီးကြီးမားမား မဆုံးရှုံးဘူးထင်လို့ ထိုးကျွေး။

ဘုရင်မ။

သွားချင်ရာသွားတယ်။ စားချင်ရာစားတယ်။
နေရာတကာ ဟိုစပ်စပ်ဒီစပ်စပ် ဝင်ပါတယ်။
သူရောက်တဲ့နေရာဆို ပြာယာခတ်တော့တာပဲ။
ဘုရင်သေတာ ဘုရင်မကြောင့် များတယ်။
ဘုရင်မ မသေဖို့တော့ ဘုရင်က တန်ဖိုးထားနေရ။

ဘုရင်။
ဘယ်သူသေသေ မသေသေ။
သူသေရင် ပွဲပြီးပြီ။
နေပိုင်
၀၇ မတ် ၂၀၁၃ 
၁၉း၁၅
In: ကဗျာ Posted By: Date: Mar 11, 2013
Comment #1

a yann ko laee sarr mi taw a yae a tarr myar
r kya mi daw sa ka lone yway che hmu a nu pyin nyar
ma nar lo sa yar kaung lout aung taw daw pyin nyar nyan

commentinfo By: ei lay at Mar 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment