Professional Authors

ကောင်းကင်တော်တမ်းချင်း

မေးထူးခေါ်ပြောတောင် လုပ်လို့မရတဲ့ဒီကမ္ဘာဟာ

ဆောင်းကြိုးပြတ် ရနံ့တွေနဲ့ပဲ လူးလွန့်ခဲ့ရ

ဒီရာသီနဲ့ ဒီအငွေ့အသက်တွေက အိဒြေ္တွကြီးတခွဲသားနဲ့

မှိုင်းညိုပြနေတာ ရင်ဘတ်တွေတောင် ပက်ကြားအက်ကုန်ပြီ

အပူရုပ်ကို ဟန်လုပ်ပြီး ပြုံးပြုံးပြရတာလဲ ကြာတော့ကန္တာရဆန်လာတယ်

ချစ်သူ … နင် သိပါရဲ့လား

ငါ ချစ်ခြင်းမှာနာဖျားတဲ့အခါတိုင်း နင်ကျန်းမာပါရဲ့လားလို့စိတ်ပူမိတယ်

ငါ နာကျင်ကြေကွဲခြင်းမှာ ငိုကြွေးတိုင်း နင်ပျော်ရွှင်ပါစေလို့ ဆုတောင်းမိတယ်

ငါ လွမ်းမောခြင်းမှာအဆိပ်သင့်တိုင်း နင်အဆင်ပြေပါစေလို့ မျှော်လင့်မိတယ်

ငါ ရှုံးနိမ့်ခြင်းမှာဒူးထောက်ရတိုင်းတော့ နင့်ရဲ့အမည်နာမကိုတိုးတိုးလေးရေရွတ်မိတယ်

(မကြားနိုင်မှန်းသိရက်နဲ့လည်း ငါတိုးတိုးလေးခေါ်နေမိအုံးမှာပဲ)

နင် သိပါရဲ့လား အမှတ်ရစရာတွေအများကြီးမရှိတဲ့ ငါတို့နှစ်ယောက်ရဲ့ အတိတ်ကို

ငါ အခါခါအသက်သွင်းနေတာဟာ နင့်ကိုမေ့လျော့မသွားချင်တဲ့ ငါ့စိတ်ရဲ့တောင်းဆိုမှု့တစ်ခုဆိုတာ

(တနေ့ နင့်ကိုပြောခွင့်မှရှိပါတော့မလား)

ချစ်သူ တကယ်တော့ ငါဟာကောင်းကင်တော်ကိုတမ်းတနေတဲ့

“လမင်း”တစ်စင်းနဲ့တူပြီး … နင်ကတော့ တိမ်တစ်ဆုပ်စာလောက်

ပက်ကြဲဖို့ကိုတောင်မေ့လျော့နေတဲ့ ငါ့ရဲ့အထီးကျန်ကောင်းကင်တော်ပေါ့

…………………………….

ချစ်သူ … နင် သိပါရဲ့လား

သီးခြားရပ်တည်လို့မရတဲ့ကောင်းကင်နဲ့လမင်းရဲ့အကြောင်းပေါ့

(နင်သိရဲ့လား ချစ်သူ  … နင် သိမှသိပါရဲ့လား)

လမင်းရဲ့ဆွဲအားကြောင့် ကောင်းကင်ဖြစ်တည်နေတာမဟုတ်ဘဲ

ကောင်းကင်ရဲ့ဖြစ်တည်မှု့ကြောင့် လမင်းရှိနေတာဆိုတဲ့အကြောင်း

တနေ့တော့ ငါ့ရဲ့ကောင်းကင်နဲ့တူတဲ့ကောင်လေး (နင်)သိအောင်ပြောပြရအုံးမယ်

 

နတ်သမီး

In: ကဗျာ Posted By: Date: Dec 13, 2011
Comment #1

အားပေးသွားပါတယ်..

commentinfo By: + Miss Y@U at Dec 13, 2011
Comment #2

အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Dec 13, 2011
Comment #3

အမ…အားပေးသွားပါတယ်။
အမြန်ဆုံးသိအောင်.ပြောပြလိုက်နော် အမ (ဟဲဟဲ)

commentinfo By: poem.poem28 at Dec 13, 2011
Comment #4

har,,,,,,,,,
kway twar p naw

commentinfo By: ei lay at Dec 13, 2011
Comment #5

great!

commentinfo By: sanday talk at Dec 13, 2011
Comment #6

ငါ ချစ်ခြင်းမှာနာဖျားတဲ့အခါတိုင်း နင်ကျန်းမာပါရဲ့လားလို့စိတ်ပူမိတယ်

ငါ နာကျင်ကြေကွဲခြင်းမှာ ငိုကြွေးတိုင်း နင်ပျော်ရွှင်ပါစေလို့ ဆုတောင်းမိတယ်

ငါ လွမ်းမောခြင်းမှာအဆိပ်သင့်တိုင်း နင်အဆင်ပြေပါစေလို့ မျှော်လင့်မိတယ်

ငါ ရှုံးနိမ့်ခြင်းမှာဒူးထောက်ရတိုင်းတော့ နင့်ရဲ့အမည်နာမကိုတိုးတိုးလေးရေရွတ်မိတယ်

(မကြားနိုင်မှန်းသိရက်နဲ့လည်း ငါတိုးတိုးလေးခေါ်နေမိအုံးမှာပဲ)
အဲဒီ့စာလေးအရမ်းကြိုက်တယ်……….
ဆက်ပြီးအားပေးနေမယ်နော်………..
ကြိုးစားနော်………..

commentinfo By: naychihtun at Dec 13, 2011
Comment #7

ဆောင်းကြိုးပြတ် ရနံ့တွေနဲ့ပဲ လူးလွန့်ခဲ့ရ

ဒီရာသီနဲ့ ဒီအငွေ့အသက်တွေက အိဒြေ္တွကြီးတခွဲသားနဲ့

မှိုင်းညိုပြနေတာ ရင်ဘတ်တွေတောင် ပက်ကြားအက်ကုန်ပြီ

Comment #8

အမ ဒီကဗျာလေး ကျနော်အရမ်းကြိုက်တယ် Facebook မှာရှဲမယ်အမ credit ကို နတ်သမီးလို့ပဲပေးလိုက်မယ်နော် နာမည်လေးမှာတင်သဘောကျချက်က 9 ကျော်သွားပီ

commentinfo By: 13th at Jul 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment