Professional Authors

ဒိုင်ယာရီ-၄ …………..

===ဆိုပါစို့ကွယ်…။ဒီလို ကောင်းကင်နဲ့ မြေကြီး နီးစပ်နေခြင်းဟာ…ပုံပြင်တစ်ပုဒ်ပဲထား။ငါတို့ အမှတ်တရတွေဟာ အလွယ်တကူပဲ အငွေ့ပျံသွားရမတဲ့လား။

+++ငါကတော့ အမှတ်တရတွေ ကျောတစ်ထမ်း ရင်တစ်ထမ်းနဲ့ …မမြင်မစမ်း….အစဉ်လွမ်းနေမိပါရဲ့ ချစ်သူ။ ကူးခတ်လို့ မရောက်နိုင်တဲ့ အကွာအဝေးကို ကဗျာလေးတွေရေးဖွဲ့ ဘောင်သွင်း၊သံယောဇဉ်ဆိုတာ မြတ်နိုးခြင်းရဲ့ ဟိုးတစ်ဘက်က ပြိုးပြက်နေတဲ့ အရောင်အဆင်းပါပဲ။

+++အမြင်အကြားမရှိပေမယ့် `ရင်နား´နဲ့ နားဆင် ခံစား၊မဖူးပွင့်လိုက်ရတဲ့ အမှန်တရားတွေ၊ သစ္စာနှလုံးသားနဲ့ ပြန်ကြားနိုင်ပါစေချစ်သူ။

+++မောလျလျ သောကတွေ တောထနေတဲ့ ဟောဒီကောင်ရဲ့အထီးကျန်လောကမှာ၊နာကျင်မှုမီးလျှံတွေ လျှောကျ ကြွေပျက်ဖို့၊ ချစ်သူရဲ့ ရွှေလက်နဲ့ ချွေဖျက်မှုတ်ငြှိမ်း၊ မျက်ရည်ဆိုတာ…နင့်ရဲ့ အပြုံးအနုအလှနဲ့ တယုတယ သုတ်လိမ်းမှ ရုတ်သိမ်းရမယ့် အမိန်…့(ဒါမှမဟုတ်)… နေထွက်တာနဲ့ ကြွေရက်ကိုပဲ ရေတွက်နေရရှာတဲ့ ရွှေရွက်ဝါလေးရဲ့ နောက်ဆုံးဆန္ဒပါ ချစ်သူ…။

===ဆိုပါစို့ကွယ်…။ဒီလို ကောင်းကင်နဲ့ မြေကြီး နီးစပ်နေခြင်းဟာ…ပုံပြင်တစ်ပုဒ်ပဲထား။ငါတို့ အမှတ်တရတွေဟာ နေရောင်ရဲ့ တံခါးအခေါက်မှာ ကျပျောက်အငွေ့ပျံသွားရမယ့် အမေ့ခံပုံပြင်မဟုတ်ကြောင်း…သိကောင်းပါရဲ့ ချစ်သူ။

In: စကားပြေ Posted By: Date: Dec 25, 2012
Comment #1

Oh my god.
nice talkie combine with deeply feeling

commentinfo By: ei lay at Dec 26, 2012
Comment #2

So much touching

commentinfo By: ei lay at Jan 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment