Professional Authors

နှစ်ချို့အနမ်း – ချီရွန် ( ပုလဲ )

လေဆိပ်မှာ နှုတ်ဆက်
အမေ့ အနမ်းခက်တွေ
သား ရင်ထဲ
အခုထိ လတ်ဆတ်ဆဲပါ အမေ ..
အမေ့သား ပညာတတ်ကြီးက
ပျားပန်းခတ် လူအုပ်ထဲ
အမေ့ပါး ခပ်ရဲရဲနမ်းဖို့
ရှက်ခဲ့ပါတယ် အမေ
လက်ဆယ်ဖြာ ထိပ်မှာမိုး
သားရှိခိုး ဦးချခိုက်
ရင်ထဲမှာ ကြိတ်ငိုရှိုက်ပေမဲ့
အဝေးသွားမဲ့ သား
နောက်ဆံ မထားဖို့တွေး
ဆုတွေပေးခဲ့တဲ့ အမေ့ပါး
သားလေ …
တွေးမိတိုင်းလွမ်း
မနမ်းမိတဲ့ နောင်တနဲ့
မေတ္တာ အကျဉ်းကျခဲ့ပါတယ် အမေ
ပြန်လာမဲ့နေ့
အမေ့ရင်ငွေ့ နားခို
သား ငိုခဲ့ရတဲ့ ညတွေအဖို့
လွမ်းရင် မစို့ရအောင်
နှစ်ချို့အနမ်း ..
သားကို …. …..
နမ်း …. နမ်း ခွင့်ပြုပါ မေမေ။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: May 19, 2010  
Comment #1

ကဗျာကိုဖတ်ရင်း မျက်ရည်တောင် ၀ဲလာမိတဲ့အထိ ကောင်းပါတယ်။

commentinfo By: ဆောင်း at May 28, 2010
Comment #2

Kolay!

Really Good,I can feel ur love to ur mother.

commentinfo By: innwathulay at Jun 13, 2010
Comment #3

အရမ်းကောင်းပါတယ်
အမေ အကြောင်းဆက်ရေးပေးပါအုံး
အားပေးနေပါ့မယ်

commentinfo By: အိလေး at Jun 14, 2010
Comment #4

ဒီလိုလေးပဲ အမေ့ အကြောင်းကိုအမြဲရေးပေးပါလား အရမ်းကိုကျေးဇူးအများကြီးတင်ပါတယ်
ကောင်းတယ်ဗျာ များများလေးတင်ပေးပါနော် thank par

commentinfo By: [email protected] at Aug 19, 2010
Comment #5

နိုင်ငံရပ်ခြားရောက်နေသောကျနော်တို့မြန်မာလူငယ်လေးတွေအတွက် အတုယူစရာကောင်းတဲ့ကဗျာလေးတပုဒ်ပါ။
ဖတ်၇င်းနဲ့ ၀မ်းနည်းမိတာအမှန်ပါ။

commentinfo By: James ban at Aug 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment