Professional Authors

အပြုံးမဲ့အနမ်း

-နှစ်ဦးသဘောတူ
ဖန်တီးခဲ့တဲ့
ဒီ“အချစ်”တို့ မှာ
ငါ…….
အကြောက်ဆုံး
“အလွမ်း”နဲ့
ဇာတ်သိမ်းပြီ။…..။

-ဖိအားတစ်ခုအောက်
ထွက်ပြေးခဲ့တဲ့
မင်း“အနမ်း”တို့က်ု
ပြန်တမ်းတဖို့လောက်တော့
ငါ……
မရူးသေးဘူးထင်တယ်။…..။

-နင့်နေရောင်တို့
ပျောက်ဆုံးခဲ့ပေမယ့်
ဒီရင်ရဲ့
“လမ်း”ကို
ငါ…….မမှားသေးဘူး။…..။

-မင်းရဲ့
နောက်ဆုံး
”လက်ခတ်သံ”တွေက
ငါရဲ့
”ဂစ်တာအို”လေးကို
လှပစွာ
လှောင်ရယ်ခဲ့ကြတယ်။…..။

-ငါ့“ကဗျာ”တွေနဲ့အတူ
လမ်းလျှောက်ရင်း
နင့်ကိုငါ
စောင့်ကြည့်နေပါ့မယ်…….
နင့်“ခြေလှမ်း”တွေ
မယိုင်သရွေ့ပေါ့ဟာ။…..။ (ရိန်မင်း)

In: ကဗျာ Posted By: Date: May 18, 2010
Comment #1

-ဖိအားတစ်ခုအောက်
ထွက်ပြေးခဲ့တဲ့
မင်း“အနမ်း”တို့က်ု
ပြန်တမ်းတဖို့လောက်တော့
ငါ……
မရူးသေးဘူးထင်တယ်။….တဲ.
ကောင်းလိုက်တဲ.စာသား
ငါအားပေးနေတယ်နော်……..။

commentinfo By: homerungirl1 at Jan 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment