တစ်အစဉ် ဘေးသုံးတန်း..GTC အလွမ်း
တစ်အစဉ် ဘေးသုံးတန်း..
ဘော်ဒါတွေကို လွမ်းတယ်…
ကန်တင်း ထဲ မှာ ကျကွဲ သွားတဲ့
ရင်ခုန်သံတစ်စ ရယ်…
ခေါက်ရိုး ကျိုးနေတဲ့ …
Roll Call စာရွက် ရယ်….
ထမလုံမှာ ကပ်သောက်ခဲ့တဲ့
ဘီ အီး တစ်ပိုင်းရယ်…
ပြန်မရ တော့ တဲ့…အလင်းယိုင်နဲ့ သံစဉ်ချိုတွေဖြစ်တယ်…
အချိန်တွေ ပြောင်း…
ရာသီတွေ ဟောင်းလဲ ကျောင်း အဓိပတိလမ်းမှာ…
ငါတို့ ခြေရာတွေ ငွေ့ ငွေ့ ကျန်ခဲ့ လိမ့်မယ်…
တွယ်စီးခဲ့ ရတဲ့ ကားတစ်ချို့ နဲ့…
ဖုန်တက်နေတဲ့ မှတ်ဥာဏ် တွေက…
မှတ်စု မှာ ကျပျောက်ခဲ့တဲ့…
ကျပ်လိုက်..ဖွလိုက်..အရောက်ပို့ လိုက်..
စကားလုံး ငွေ့ ငွေ့ အရိုင်း အပြင်း များ ..
လွင့် …၀ဲ …..ကြွေ ….ကျ….
လူကြီး မဟုတ်တဟုတ်နဲ့…
ဖြူပြာ ဆင်တူဝတ်….
ရင် ဘတ် ကော့ ပီး တက်ခဲ့ တဲ့ ကျောင်းတော်ဟာ…
လက်ပြလို့ မှုန်ဝါးဝါးကျန်ခဲ့….။
အတိတ်ဆိုတာ..
သတိရတိုင်း ထုတ်ကြည့် မိတဲ့ မှန်တစ်ချက်….
ပီးတော့…
မနေ့ ကပေါင်း များ စွာရဲ့ မနက်ဖြန်ဆိုရင်…
ဖယ်ရီ ဂိတ်ဘေးမှာ…
တိုင်မှီ ပီး ဆေးပေါလိပ်ဖွာ ခဲ့ …
ဟောဒိ က ဘော်ဒါတွေကို ကျပ်ခဲ့ တဲ့
ငါပါဘဲ…။
စာအမြဲ တမ်းကြိုးစား ပီး…
မိန်း မအ စောဆုံး ယူသွားတဲ့ ဘော်ဒါ…
လက်မှာ သရေကွင်း ပတ်လေ့ ပတ်ထ ရှိတဲ့ ဘော်ဒါ…
ဖဲ ရိုက် တာ အား မရ လို့
ခွက်လှည့် တာ ထမင်း ငတ်သွားတဲ့ ဘော်ဒါ…
တကယ်တော့ …အချိန် နဲ့ ပြောင်းလဲ ခြင်း ဟာ…
ငါတို့ အမှတ် ရ စရာတွေ ကို..
ကုတ်ကဲ့ သဲ့ ယူသွားလေရဲ့….
လူငယ် ဘ၀ ရဲ့ လွတ်လပ်ခြင်း ဟာ…
ဘ၀ ရဲ့ သက်ပြင်းချသံတွေ မဟုတ်ခဲ့ ရင်..
နွေဦးကို ငေး မောကြည်ခဲ့ ရတဲ့….
အောင် စာရင်း ကို ရင်ခုန်စွာ စောင့် ခဲ့ ရတဲ့…
သီဟိုဠ်ရွက်ခြောက်ကြွေတွေ ကို ဖြတ်လျှောက်ရင်း
အတန်းလစ် ခဲ့ ရတဲ့……
မနေ့ မနေ့ ကပေါင်း များစွာ အဖြစ်….
ပြောင်းလဲခြင်း တွေကို
ဘ၀ရဲ့ ကွက်လပ် အဖြစ် ခံယူရင်း
ကျန်….နေ…ရစ်…ခဲ့…..။
GTC

Comment #2
လက်ရှိဖြစ်နေတာတွေဟာ အမှတ်ရစရာမဖြစ်တတ်ဘူး
အချိန်နဲ့ပြောင်းလဲခြင်းကြောင့်ပဲ အခုလို အမှတ်ရနိုင်တာပဲလေ
ကြံဖန်ပြီးကျေးဇူးတင်လိုက်ပါဗျာ
By: မောင်ချမ်းအေး at Dec 12, 2011




Comment #1
တကယ်တော့ …အချိန် နဲ့ ပြောင်းလဲ ခြင်း ဟာ…
ငါတို့ အမှတ် ရ စရာတွေ ကို..
ကုတ်ကဲ့ သဲ့ ယူသွားလေရဲ့…. (ကျောင်းသားဘ၀ကတော့ဘယ်တော့မှမေ့မရပါဘူး)