Professional Authors

လွမ်းတေး – ၅

အဲဒီရွာကလေးထဲကို (ဘယ်နှကြိမ်မြောက်မှန်းမသိ) ကျွန်တော် ရောက်နေမိခဲ့ပြန်တယ်

 

ရွာကမ်းစပ်ကိုကပ်ငြိတဲ့အလွမ်းတွေဆယ် ပန်းပွင့်ဟန်သဖွယ် သရုပ်ဖော်စီခြယ်ထားတဲ့
ရွာရဲ့စကားရုံပန်းခြံလေးရဲ့မွှေးရနံ့ ဟာ(နှစ်ဘယ်လောက်ကြာနေခဲ့ပါစေ)

သည်လူ့ ရင်ဘတ်မှာတော့ လတ်ဆတ် ထုံသင်းနေဆဲ
   
သ တိ ရ တယ်….သ တိ ရ တယ် … သ   တိ    ရ    တယ် .. ရွာသူကြီးရယ်
   
ကမ်းထိအောင် ကပ်ငြိရောက်မလာနိုင်ခဲ့တဲ့ အလွမ်းတွေကိုရော…..
အမှိုက်သရိုက်လိုမျောပစေပေါ့ဆိုကာ လျစ်လျူရှုထားခဲ့ပါသလား???
ခြေရာကောက်ကာ ဖွေရှာသိမ်းဆည်း ခဲ့ပါသလား??? ( မသိရခဲ့ပါဘူး)
သေချာတာကတော့ အဲသည် အလွမ်းတွေဟာလည်း စံချိန်မှီ အလွမ်းစစ်စစ်တွေဆိုတာ ပါပဲ။
   
ရွာသူကြီးရေ……
ဟောသည်ကောင်ရင်ဘတ်က အလွမ်းခတ်သံတွေ များထုံခဲ့လွန်းတော့
ကြိုးချင်းထိခတ် ပွန်း  ပြတ် တိုက် မိ
အသံထွက်တွေလွဲကာ သံစဉ်ကြမ်း နူးညံ့ခဲ့လိမ့်မယ်မဟုတ်ဘူး
ဒါပေမယ့် … နှလုံးသားတွင်းဟိုးအနက်ရှိုင်းဆုံးနေရာထိ ဒဏ်ရာဒဏ်ချက်တွေထပ်ခဲ့ရတာ
စာ နာ နား လည် စွာ ဖြည့်ဆွက် နားဆင်ကြည့်ပါကွယ်။
   
အလွမ်းချင်းတူခဲ့ပါလျက်နဲ့ (ကျွန်တော်တို့ )ဘာ့ကြောင့်လမ်းတွေကွဲ လူခြင်း လွဲခဲ့ကြရပါသလည်း ???
ခုချိန်ထိ အဖြေရှာမရသေးဘူး
ဟိုနား သည်နား ပြန့် ကျဲနေတဲ့ မိုးကောင်းကင်အောက်က စုံတွဲတွေမြင်တိုင်း
သည်ကောင့်ရင်ဘတ်က ဆို့ နင့် နာ ကျင် နေခဲ့
အဲသည် စကားလုံးလေးတွေနဲ့တင် ရင်ကိုအေးမြစေခဲ့သော ဖဝါးရှင်ထံမှာ
ကျွန်တော်မျိုးမ ပါးပြင်အပ်နှင်းလိုခဲ့ပါတယ် ပါးပြင်အပ်နှင်းချင်ခဲ့လွန်းပါတယ်။
။အမှန်တွေမို့  တကိုယ်စာ အပြည့် ခါးသက်နေရတုန်းပါပဲ။
   
စတေးခဲ့သမျှ…. ဆွေးခဲ့သမျှ .. အချိန်ရေစီးထဲမှာ …. ဝေး သ ထက် အ ဝေး ကြီး
မျော ကွာ ခဲ့ ရ/မျော ကွာ ခဲ့ ကြ 
   
ရွာသူကြီး .. ကျွန်တော့် ချစ်ရပါသော ရွာသူကြီးရေ..
သည့်ကောင့် ရင်မှ လျံ ကျ လာ သော သည် တစ် ခေါက် အလွမ်း ခတ် သံ ကို

\\\”နောင်တ\\\” လို့ သာ ခေါင်းစဉ်တပ်လိုက်ပါ။

ဟိုးးးးးးးးးးးးးး(လှမ်းကြည့် မှန်းကြည့် မမှီနိုင်တော့အောင်) အဝေးကြီးက 
ပျော်ရွှင်ကြည်နူးရယ်မောခဲ့ရသော အခိုက်အတန့်  မှာ အတိတ်ပညတ်ကြီးကပ်ပါနေပါစေ
သည်ကောင်က ပစ္စုပ္ပန်လို့ အသေမှတ် ဖက်တွယ် နှစ်သက်နေဆဲသူ /
အဲသည် ခင်ဗျားရွာမှာပဲခေါင်းချသေဆုံးလိုလောက်တဲ့ထိ မြတ်နိုးနေခဲ့ရသူ
ဆိုတာ   
သိပေးပါ  
မြင် ပေး ပါ 
ယုံ ကြည် ပေး ပါ …
   
သည်တမ်းချင်းဟာလည်း အရင်ကလို အရင်ကအတိုင်း ငြီးငွေ့ ဖွယ်ရနံ့ တွေသာပြည့်နှက်လို့ 
မလှပနိုင်ခဲ့ခြင်းအတွက် ဥပေက္ခာပြုခဲ့လိုက်ပါဦး
(ကျွန်တော့်) ရွာသူကြီးရယ်

ခင် ဗျား ကို သေ လောက် အောင် လွမ်း နေ မိ တော့

အဲဒီရွာကလေးထဲမှာ (ဘယ်နှကြိမ်မြောက်မှန်းမသိ) ကျွန်တော် လှမ်းလျှောက်နေမိခဲ့ပြန်တယ်

In: ကဗျာ Posted By: Date: Mar 10, 2014
Comment #1

အလွမ်းချင်းတူခဲ့ပါလျက်နဲ့ (ကျွန်တော်တို့ )ဘာ့ကြောင့်လမ်းတွေကွဲ လူခြင်း လွဲခဲ့ကြရပါသလည်း ???
ခုချိန်ထိ အဖြေရှာမရသေးဘူး
….
သည်တမ်းချင်းဟာလည်း အရင်ကလို အရင်ကအတိုင်း ငြီးငွေ့ ဖွယ်ရနံ့ တွေသာပြည့်နှက်လို့ 
မလှပနိုင်ခဲ့ခြင်းအတွက် ဥပေက္ခာပြုခဲ့လိုက်ပါဦး
(ကျွန်တော့်) ရွာသူကြီးရယ်

မိုး…..
……
….
စသိတဲ့ ၂၀၁၀ ကတည်းက ခုထိ စာသားအချို တူညီနေတုန်းပါပဲ….။ ။

commentinfo By: အလွမ်းကေသရီ at Mar 10, 2014
Comment #2

ကျေးဇူးပါ ညီမ အလွမ်းကေသရီ .. ဖတ်သွားတဲ့အပြင် comment လေးပါပေးခဲ့လို့ …

ဟုတ်တယ်ဗျ ကျွန်တော် အဲဒီသုံးဖူးတဲ့စာသားလေးတွေကို ပဲ အားကုတ်အားခဲဖက်တွယ်သိမ်းထားသုံးစွဲနေရပါတယ်

စကားလုံးအသစ်တွေက ခံစားမှု ဝင်ကစွပ် တွေ – ဖွေရှာတွေ့ ရှိ လို့  စာလုံးပြောင်း အမည်တပ် သုံးစွဲနေလိုက်ကြတာ ကုန်သွားသလောက်ကိုရှားနေတယ်ဗျာ….

commentinfo By: အသဲကွဲမိုး at Mar 13, 2014
Comment #3

ကလောင်သွားထက်ပါပေတယ် ကိုအသဲကွဲမိုး
၂၀၁၀ ကတည်းက ဖေတ်ခဲ့ရတဲ့ အကို့ကဗျာစာသားတွေက
၂၀၁၀ တုန်းကလိုပဲ ပရိတ်သတ်ကို ကဗျာဆိုလိုရင်း ရဲ့sourceကိုပေးနိုင်တုန်းပါ
ယာရှင်ကိုမျောက်မောင်း ဆိုသလို တချို့ကဗျာဆရာတွေလို သူများ ဒီ theme ဆို
ကိုယ်လည်း ဒီ theme မရေးပဲ ကိုယ့်လမ်းကြောင်းလေးအတိုင်း ခံစားမှုတွေကို မျှဝေပေးတဲ့အတွက်ကဗျာပိုင်ရှင်ကိုလေးစားလျက်ပါဗျာ ဆက်လက်အားပေးနေပါဦး
မည်။

commentinfo By: Adversary at Oct 31, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment