Professional Authors

The Realism of True Love Legend

* The Realism of True Love Legend *

ဂျူးလိယက်ရေ

ချစ်သက်သေအတွက်

မျက်ရည်တစ်စက်

အဆိပ်ခွက်နဲ့လဲမယ် . . .

 

ရိုမီယိုရဲ့သစ္စာ

ခမ်းနားလွန်းလို့

ငါသေရဲတဲ့ နေ့စွဲတွေ

ရင်ကိုခွဲ ကြည့်လှည့် . . .

 

Sacrifice Love ကို

အဓိပ္ပါယ်ကောက်လွဲလေလေ

အချစ်စစ်တန်ဖိုး ကျလေလေပဲ . . .

 

နင်သိရဲ့လား

ငါသေလောက်အောင်ချစ်တာ

ဒီကမ္ဘာမှာ နင်တစ်ယောက်တည်း

နာကျင်နေတဲ့ နှလုံးသားကို

နင်ထွင်းဖောက် မြင်နိုင်လား

နင်ကိုယ်ချင်းစာနိုင်လား

ငါ့မျက်စိတွေ ကန်းသွားလို့

အသွေးအသားတွေ ခမ်းခြောက်သွားပလေ့စေ

ငါအသက်သေဆုံးချိန်အထိ

နင့်ကိုချစ်သွားမယ်

ဒါ နင့်အပေါ်ထားတဲ့ ငါ့သစ္စာပဲ . . . .

 

ရာစုနှစ်တွေ ရှေ့ဆက်ဦးမယ်

ခေတ်တွေ အလီလီပြောင်းဦးမယ်

သင်္ခါရနိယာမကို နားလည်လည်း

ငါအခု မြှပ်နှံခဲ့တဲ့

အချစ်စစ်သီအိုရီအတွက်

ငါတစ်ဘ၀လုံး စတေးထားတယ် . . . .

 

ဂျူးလိယက်ရယ်

ရှိုတ်စပီးယားကြီးနိုးရင် တစ်ခွန်းလောက်ပြောပေးပါ

ခေတ်သစ်ရိုမီယိုအတွက် ပြဇာတ်မရေးပါနဲ့

အဆိပ်ခွက်လည်း မပေးပါနဲ့လို့

ကျွန်တော့်ချစ်သူကိုလည်း ပြောပေးပါ

အချစ်စစ်ကို သနားခြင်းနဲ့ တန်ဖိုးမဖြတ်ပါနဲ့

အချစ်စစ်ကို

အချစ်စစ်နဲ့သာ ဖလှယ်ပြီး

နှလုံးသားမှာ အမြစ်တွယ်

ရင်မှာမြတ်နိုး တန်ဖိုးထားပါလို့

ကျွန်တော့်ချစ်သူကို မှာပေးပါ ဂျုးလိယက်ရယ် . . . . . . . . . . .

# Lynn Eain Thin <>

In: ကဗျာ Posted By: Date: Mar 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment