Professional Authors

အလင်းဆိုင်ည စိတ်ကူးတည့်ရာ

သူလိုကိုယ်လို ဆာလောင်မှုကိုယ်စီနဲ့လူတွေကြား
ထိုင်စရာခုံတစ်လုံးနဲ့ `ဘာသုံးဆောင်မလဲအစ်ကို´ရတယ်
ကြိုက်နှစ်သက်ရာ မှာယူသုံးဆောင်လို့ ရမလားငွေကြေးအခက်အခဲရှိရင်
ဘ၀မလှတဲ့မိန်းမချောလေးတစ်ယောက် ငါးတစ်ကောင်လို ၀င်ထိုင်တယ်ဆိုင်ထဲ
ငနဲတစ်ကောင်ရဲ့မျက်လုံးထောင့်ကပ်မီတဲ့နေရာမှာ
တစ်ယောက်က တစ်ယောက်ကို ခေါက်ရိုးကျိုးအထာတွေနဲ့မျှားကြပေါ့
မိသားစုအတွက်လား မိုက်ရူးရဲဆန်မှုအတွက်လားဘ၀တွေ
ကော်ဖီခါးခါးမှ ကြိုက်တယ်လို့ပြောရင်း ဆိုက်ကားသမားတွေ
ကျားကစားနေကြတယ်လက်သည်းဝှက်ညထဲ
သူတို့ကိုကြည့်ရင်း ဘ၀ဟာ အပေးအယူဝါဒသာ ဈေးကွက်ဝင်မှန်း ကြေကွဲခဲ့
သူတို့ကိုကြည့်ရင်း ဘ၀ဟာ ဘ၀ကိုလောင်းကြေးထပ်ရတဲ့ကစားပွဲဖြစ်မှန်း နားလည်ခဲ့
ဒီည လူနဲ့ဘ၀ဆက်သွယ်မှုကို မစဉ်းစားချင်ဘူး
ဒီည လရောင်အသေတွေပေါလောမျောနေတဲ့ကမ္ဘာကြီးကို မသတီဘူး
ဒီည လဘက်ရည်ခွက်ထဲကျသေနေတဲ့ယင်တစ်ကောင်ဟာ ငါပေါ့

                                                                               ကိုသျှား

In: ကဗျာ Posted By: Date: Dec 10, 2011
Comment #1

ကောင်း၏…။

commentinfo By: SoFarAwayFromU at Dec 10, 2011
Comment #2

ကိုသျှားရဲ့ကဗျာတွေကိုဖတ်ရတာအားရကျေနပ်မိပါတယ်……..
ဆက်ရေးပါနော်……အားပေးလျှက်………. ( တခါတလေကိုယ်လဲခေါက်ရိုးကျိုးအကြည့်တွေနဲ့လူတွေကိုကြည့်ဘူးသလို၊ ၏
အကြည့်လဲမကြာမကြာခံရတယ်)

commentinfo By: May Kha at Dec 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment