Professional Authors

ကမ္ဘာ မြေ ကံကြမ္မာတွေ နဲ့ စစ်ခင်းခြင်း (နှင်းဆီဆူး)

နားလည်ရခက်တဲ့လောကကြီးကို
အောက်ပါအတိုင်းပဲပြောချင်ပါတယ်။

ဘာစကားနဲ့ ကြားချင်လဲ
ငါ့မေးခွန်းတွေ မဖြေတာ များလို့
ဘာသာစကားများ ကွာခြားနေလား
မြန်မာစကားက လွဲရင်
သိပ်များများတော့မတတ်ဘူး။

အကာအကွယ်မရှိပါဘူးဆိုမှ
ဘာလို့လေပွေကြမ်းတွေပဲ
ရွေးတိုက်ချင်နေရတာလဲ
မင်းကိုထိခိုက်လေအောင်
ငါဘာဒုစရိုက်များလုပ်မိသလဲ။

ကံကြမ္မာ ဆိုတာကြီးကပဲ
ရိုင်းနေတာများလား
မျှော်လင့်ချက်တွေဆက်လန်းဖို့
ငါဘယ်ဒေသကိုလှမ်းရမလဲ
မင်း စိတ်ထင်တိုင်းတော့မရမ်းကားပါနဲ့။

တစ်ခါခါတော့မပျော်ဘူး
အဖြေတစ်ခုခုတော့မျှော်ပါတယ်။

နေပါစေတော့
မေးနေရတာ ကိုက
မော..တယ်။

ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်
ငါ့ရည်မှန်းချက်ဆီရောက်အောင်သွားမယ်
ငါ့မျက်ရည်မြေကြီး အောက်
ရောက်မယ်မထင်လိုက်နဲ့
ဘယ်ခါမှ ဒူးမထောက်ဘူး
တစ်ချိန်ချိန်မှာ ငါ့သမိုင်းတွေ
ဂန္တဝင်မြောက်စေမယ်။

အိ (နှင်းဆီဆူး)

In: ကဗျာ Posted By: Date: May 30, 2010
Comment #1

wow,,,
so strong

commentinfo By: ei lay at Nov 8, 2011
Comment #2

ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်
ငါ့ရည်မှန်းချက်ဆီရောက်အောင်သွားမယ်
ငါ့မျက်ရည်မြေကြီး အောက်
ရောက်မယ်မထင်လိုက်နဲ့
ဘယ်ခါမှ ဒူးမထောက်ဘူး
တစ်ချိန်ချိန်မှာ ငါ့သမိုင်းတွေ
ဂန္တဝင်မြောက်စေမယ်။

အရမ်းကောင်းတဲ့ စာသားတွေပါဘဲ… ကြွေးကျော်သံတွေ..အားကျစရာကောင်းတယ်ဗျာ

commentinfo By: 13th at Dec 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment