Professional Authors

ရဲဆေးတင်ထားတဲ့ ကြားဖူးနားဝတွေ (သက်ထွေး)

လေကောင်းလေသန့်တွေ
တစ်ညလုံး ပြန်ဖတ်ဖြစ်တယ် …
သွေးရူးသွေးတန်း
လမ်းထလျှောက်ရအောင်
ခါးကြားထိုးထားတဲ့
နေသားကျမှုမှာ
ပျော်ရွှင်မှုတစ်စက်မှ မကျန်တော့ဘူး …
အတည်တကျချိန်းဆိုထားတာ
မရှိသေးသရွေ့
အလှမ်းကျဲနေချင်သေးတယ် …
ယောက်ယက်ခတ်နေတဲ့
နာရီလက်တံတွေကို
ဘာနဲ့ ဖောက်ခွဲပစ်ရမလဲ …
ပင့်သက်တွေက
သစ်စိမ်းချိုး ချိုးသူတို့ရဲ့
ဟန်ပန်အတိုင်း …
မှုန်ဝါးဝါး အာရုံငါးပါးဟာ
ဖျားနာနေပြီ …
ဖွာလက်စ
လျာထားချက်တွေ
စိတ်နံရံမှာ စွန်းထင်းလျက်သား
အရင်လို
မောကြီးပန်းကြီး
ရယ်နေမိတယ် …
ခပ်နွမ်းနွမ်း
ဇာတ်ရှိန်တွေ…
ရွှေ့ယူဖို့
အဆင်သင့်ဖြစ်နေခဲ့ပြီ  ..
နှောင်ဖွဲ့မှုအပေါ်
တည်ဆောက်ပုံချင်း
အခန့်မသင့်တဲ့အခါ
သတိတရ
ကိုယ့်နာမည်ကိုယ်ပြန်မေးရင်း
မိုးလင်းသွားနိုင်တယ်
မဟုတ်လား  …
တစ်ခါတစ်လေ
စိတ်ကို ဆိပ်နဲ့ ဆေး ရတယ်ဆိုတဲ့
ပေါ့ပျက်ပျက် ဖေါ်မြူလာတစ်ခုနဲ့
ခပ်ပါးပါးလေး ရေချိန်လွန်နေမိတယ်  ။  ။

သက်ထွေး
ဒီဇင်ဘာ ၅ ရက် ၂၀၁၁ ည ၁၁း၄၇

In: ကဗျာ Posted By: Date: Dec 6, 2011
Comment #1

အမြဲတမ်းကို အများးးးးးးးးးးးးးးးးးးးးးးးးး ကြီးကောင်းတယ်..
(((((:
two thumbs up ^^

commentinfo By: ဖြိုးဖြိုး at Dec 6, 2011
Comment #2

ကဗျာကောာင်းလေးပဲဗျာ…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 6, 2011
Comment #3

အကြီးကြီးမိုက်တယ်…. bro
bro ကဗျာတွေဖတ်တိုင်း ကိုယ့်ကဗျာကိုယ်ဖတ်ရမှာ
ရှက်လာတယ်….ဟီးးးးး
😀

commentinfo By: terry at Dec 6, 2011
Comment #4

လုလင် လည်း အားပေးသွားပါသည်.. ကိုတယ်ရီ ပြောသလိုပဲ ဗျ..:). ကဗျာက မိုက်တယ်

Comment #5

အကို့ ကဗျာတွေက ကောင်းပါတယ်………..ကျွန်တော်က တယ်၇ီ သယ်ချင်းပါ……..အားပေးသွားပါတယ်ဗျာ……..

commentinfo By: kaung kaung at Dec 25, 2011
Comment #6

တစ်ခါတစ်လေ
စိတ်ကို ဆိပ်နဲ့ ဆေး ရတယ်ဆိုတဲ့
ပေါ့ပျက်ပျက် ဖေါ်မြူလာတစ်ခုနဲ့
ခပ်ပါးပါးလေး ရေချိန်လွန်နေမိတယ် ။ ။
Nice Nice Special Nice ,, Thank a lot

commentinfo By: NO NAME at Dec 29, 2011
Comment #7

သဘောကျတယ်

commentinfo By: တာတေ at Dec 31, 2011
Comment #8

နေသားကျမှုမှာ
ပျော်ရွှင်မှုတစ်စက်မှ မကျန်တော့ဘူး …

မိုက်ပါ့

commentinfo By: ဆန်ဒီ at Feb 3, 2012
Comment #9

တစ်ခါတစ်လေ
စိတ်ကို ဆိပ်နဲ့ ဆေး ရတယ်ဆိုတဲ့
ပေါ့ပျက်ပျက် ဖေါ်မြူလာတစ်ခုနဲ့
ခပ်ပါးပါးလေး ရေချိန်လွန်နေမိတယ် ။ ။
Good tal bya

commentinfo By: Wa Na at Sep 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment