Professional Authors

မျက်ကန်းချစ်

ချစ်ခြင်း မျှားက
ရင် ကိုခွင်းလို.
ပစ်လွှတ်လိုက်တဲ့
မင်းက
မုဆိုးလား၊ဘုရင်လား။
နာကျင်ရင်မှာ ခံစားရတိုင်း
အချစ်ဆိုတဲ့ ဆေး
မင်းတိုက်ခဲ့တာ
အဆိပ်ခွက်လား၊ အချစ်ခွက်လား။
မူးယစ်ရီဝေ
ခံစားမှုထဲ တ၀ဲဝဲလည်
ရုန်းမထွက်နိုင်တာ
မြဲမြံခိုင်ခံတဲ့
ဒီကြိုးဟာလည်း
သံယောဇဉ်ကြိုးလား၊နှောင်ဖွဲ့ကြိုးလား။
နေနဲ.လ
ပေါင်းစပ်လို.မရသလို
မင်းနဲ.တိုနဲ.လမ်းခွဲချိန်မှာ
ငါသိလိုက်တယ်
မင်းဟာ မုဆိုး၊
တိုက်ခဲ့တာ အဆိပ်ခွက်၊
နှောင်ဖွဲ.ကြိုးနဲ.တွဲချည်လို.
ငါကို အကြိမ်ကြိမ်
ထိုးနှက်ခဲ့တာ
မင်းဟာသူရဲကောင်းလား။
အချစ်ကို ရှေ.တန်းတင်လို.
ဘာမှမသိတာ မမြင်နိုင်အောင်
ရူးသွပ်နေတဲ့
ငါက ခိုင်းနှိုင်းစရာမရှိတော့တဲ့
မျက်ကန်းတယောက်ပါ။

In: ကဗျာ Posted By: Date: Nov 26, 2012
Comment #1

အရမ်းချစ်မိသွားတော့လည်း ဖြစ်မှာပဲလေ

commentinfo By: မေပျို at Nov 26, 2012
Comment #2

I feel sympthatic.
>__<

commentinfo By: ei lay at Nov 27, 2012
Comment #3

ဘာမှမသိတာ မမြင်နိုင်အောင်
ရူးသွပ်နေတဲ့
ငါက ခိုင်းနှိုင်းစရာမရှိတော့တဲ့
မျက်ကန်းတယောက်ပါ။

commentinfo By: mayviolet at Nov 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment