Professional Authors

အလေအလွင့်ဂီတ

ဘ၀ကို ဖက်တွယ်ချင်လွန်းလို့ရယ်တော့ မဟုတ်ဘူး
ငါ့ဗီဇကိုက နည်းနည်းထန်တယ်
ငါရောက်နေရာအရပ်ဟာ မီးမလွတ်နေ့တွေ စုန်းတောက်ရာ
ငါ့အတ္တက ယဇ်ကောင်လို အသံတိတ် လောင်မြိုက်ဆဲ
ငါဟာ အချိန်မရွေး ကြွေကျနိုင်တဲ့သစ်သီး
အရင်က တစ်ခုခု ဖြစ်ချင်ခဲ့တယ်
အခု ဘာမှ မဖြစ်ချင်တော့ဘူး
ယုံကြည်ချက်ကို ခါထုတ်ပစ်လိုက်ပြီ
ငါ ပြန်မယ်

                                                                  ကိုသျှား

In: ကဗျာ Posted By: Date: Dec 2, 2011
Comment #1

ကြိုက်တယ်ဗျို့..အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #2

ငါဟာ အချိန်မရွေး ကြွေကျနိုင်တဲ့သစ်သီး
အရင်က တစ်ခုခု ဖြစ်ချင်ခဲ့တယ်
အခု ဘာမှ မဖြစ်ချင်တော့ဘူး
ယုံကြည်ချက်ကို ခါထုတ်ပစ်လိုက်ပြီ
ငါ ပြန်မယ်

Comment #3

ငါ့အတ္တက ယဇ်ကောင်လို အသံတိတ် လောင်မြိုက်ဆဲ
အဲ့နေရာကိုတော်တော်လေးကြိုက်တယ် …
တကယ်ပဲအတ္တတွေကအသံတိတ် လောင်မြိုက်နေတယ်

commentinfo By: နတ်သမီး at Dec 3, 2011
Comment #4

မိုက်တယ်ကွာ….ပြန်ပြီ…။…။

commentinfo By: SoFarAwayFromU at Dec 3, 2011
Comment #5

nay par ong,,,
he,,he,,

commentinfo By: ei lay at Dec 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment