Professional Authors

ဇာတ်ကြောင်းပြန်

ဆံပင်ရှည်တွေနဲ့
နားကပ်တစ်ဖက်နဲ့
ကိုယ့်ယုံကြည်ချက်ကို ဘယ်သူမှ အကျူးကျော်မခံနိုင်တဲ့စိတ်နဲ့
မတန်ရင် ဘာမှ မယူဘူး

ဆုပ်ကိုင်ထားစရာလက်ဖ၀ါးနုနုလေးတစ်စုံနဲ့
ငေးကြည့်ယစ်မူးခဲ့ရတဲ့ပန်းနုပြေပြေနှုတ်ခမ်းလေးနဲ့
လောကဓံရဲ့အနက်အဓိပ္ပာယ်ဟာ ငါ့ကို မစွန်းထင်းနိုင်ခဲ့ဘူး

လဘက်ရည်ဆိုင်ထိုင်မယ်လွတ်လွတ်လပ်လပ်
နှုတ်ခမ်းကို အတောင်ပံတပ်ပြီးရယ်မယ်ပေါ့ပေါ့ပါးပါး
ကုန်ဈေးနှုန်းကို ကုန်ဈေးနှုန်းအတိုင်းထား
ကိန်းဂဏန်းတွေအကြောင်း မစဉ်းစားဘူး

မရောင်းဘူး
ငါ့အသည်းနှလုံးကို မရောင်းဘူး
ငါ့အနုပညာကို မရောင်းဘူး
ထောက်ထားညှာတာမှုကြောင့်
ကျေးဇူးတရားကြောင့်
ငွေရေးကြေးရေးကြောင့်
ငါ့ကိုယ်ငါ ချမရောင်းနိုင်ဘူး

ငါ့အတ္တအတိုင်း ငါ့ဘ၀ အရိုင်းဆန်ဆန် လွင့်ခဲ့
ငါ့မာနအတိုင်း ငါ့ရှင်သန်မှု ခေတ်ကို ဆန်တက်ခဲ့

ငါ့ရင်ငါ ခပ်ကြမ်းကြမ်း ကုတ်ခြစ်
ရဲခနဲပန်းထွက်လာတဲ့သွေးဟာ အနီစစ်တယ်
ဒီမှာ!!!
ငါ့လက်နဲ့ရေးခြစ်လိုက်တဲ့ကဗျာတိုင်းဟာ ရွှေဖြစ်တယ်

အဲဒီလို
ပြန်လည်မ၀င်စားနိုင်တော့တဲ့
ငယ်ဘ၀ရဲ့လိပ်ပြာလှလှသိက္ခာတွေ

ကိုသျှား

In: ကဗျာ Posted By: Date: Dec 16, 2011
Comment #1

အယူအဆ ပိုင်းနဲ့…..ပြောရဲ ဆို ရဲ ရှိလှတယ်…ပီးတော့ (ဆံပင်ရှည်တွေနဲ့
နားကပ်တစ်ဖက်နဲ့
ကိုယ့်ယုံကြည်ချက်ကို ဘယ်သူမှ အကျူးကျော်မခံနိုင်တဲ့စိတ်နဲ့
မတန်ရင် ဘာမှ မယူဘူး) ဆိုတဲ့အပိုဒ်ကတော့…….စောက်ရမ်းလန်ထွက်တယ်…

commentinfo By: NYI MIN KHANT at Dec 16, 2011
Comment #2

ကောင်းတယ်ဗျ…ကိုသျှား….
လူငယ်…တဆစ်ချိုးကွေ့ သွားတဲ့..အိပ်မက်
မိုက်တယ်….

commentinfo By: terry at Dec 17, 2011
Comment #3

မရောင်းဘူး
ငါ့အသည်းနှလုံးကို မရောင်းဘူး
ငါ့အနုပညာကို မရောင်းဘူး
ထောက်ထားညှာတာမှုကြောင့်
ကျေးဇူးတရားကြောင့်
ငွေရေးကြေးရေးကြောင့်
ငါ့ကိုယ်ငါ ချမရောင်းနိုင်ဘူး

ငါ့အတ္တအတိုင်း ငါ့ဘ၀ အရိုင်းဆန်ဆန် လွင့်ခဲ့
ငါ့မာနအတိုင်း ငါ့ရှင်သန်မှု ခေတ်ကို ဆန်တက်ခဲ့ ( လူတချို့ရောင်းစားနေတယ်)

commentinfo By: May K ha at Dec 17, 2011
Comment #4

ကောင်းတယ်ကိုသျှား…အရမ်းမိုက်တယ်
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment