Professional Authors

၂၀၀၈ မိုးရာသီထဲက လူတစ်ယောက်အကြောင်း

 

မိုးရေတွေ ရွှဲရွှဲစိုလို့….အလှတရားတွေ ငါ့မှာမရှိလည်း

နွေးထွေးတဲ့အနမ်းတွေနဲ့ ပါးပြင်ပေါ်ကို ခြွေဆင်းဖူးတယ်……။

ဖြစ်ချင်ရာဖြစ် မိုးသည်းသည်းထဲ အတူတူ ပြေးကစားရင်း

နောက်နှစ်မိုးလည်း ဒီလိုပါပဲတဲ့လေ…..။

နှုတ်ဆက်လို့အိမ်ပြန် မိုးညတွေထဲ

ကော်ဖီဖီပူပူတွေ ဖုန်းထဲက သူဖျော်တိုက်တက်သေးတယ်….။

မိုးခြိမ်းလို့အိပ်မရ ဖုန်းခေါ်မိတိုင်း

မရိုးနိုင်တဲ့ ပုံပြင်တွေနဲ့ သူချော့သိပ်ခဲ့ဖူးတယ်…..။

မိုးစွေရက်တွေ တအားပျင်းလို့

ဂစ်တာကိုတီး….မိုးသီချင်း ကို သူညည်းပြခဲ့သေးတယ်….။

မိုးရေတွေနဲ့ သင်တန်းစာအုပ်တွေစိုတိုင်း

အိမ်ပြန်ချိန်အမှတ်တရ သူကိုယ်တိုင်

တယုတယ ခြောက်သွေ.စေခဲ့တယ်လေ……။

ဒီလိုနဲ့ပဲ ၂၀၀၈ မိုးတွင်း မရိုးနိုင်တဲ့ သူ့အချစ်တွေနဲ့ ကုန်ဆုံးခဲ့ဖူးတယ်

၂၀၀၉ မိုးတွင်းမှာ သူ့အချစ်က တခြားသူအတွက် ဆန်းသစ်သွားပြန်တယ်

၂၀၁၀ မိုးတွင်းထိ မမြဲတဲ့အတွဲစာရင်းမှာ သူတို့ပါဝင်တယ်လေ။

လက်ခံရဲတဲ့ စကားတစ်ခုက

မိုးတွင်းတွေ အမြဲရှိနေသရွေ့…….

သူဟာအမြဲတမ်း ဆန်းသစ်တဲ့ အချစ်တွေနဲ့

မိုးရာသီတွေထဲ ကျင်လည်နေတဲ့သူ…..။

In: Others Posted By: Date: Sep 29, 2010
Comment #1

တိုက်ဆိုင်လိုက်တာနော်

commentinfo By: Flora White at Sep 30, 2010
Comment #2

ကောင်းပါတယ်…ကဗျာလေးအရမ်းကြိုက်ပါတယ်

commentinfo By: moehtetaung18 at Oct 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment