Professional Authors

စင်မြင့်ထက်က မယ်ပပ – နရီထက်

သံချိုသွေး၊ တေးမြိုင်ကျော်လို့
ရွှေပွဲလာ၊ဧည့်ပရိသတ်တွေရယ်
မငြီးငွေ့လေအောင်၊ မယ်ပပရယ်
အနုသုခုမရယ်ဖြင့် သုံးတော်ခံလေတယ်

စိတ်ကြည်နူးခိုက် ရွှေပွဲလာတွေက
သြဘာလက်ခုပ် တညံညံရယ်
စိတ်တိုနေခိုက် ရွှေဘ၀င်မကျရင်
ပြစ်တင်ဝိုင်းဖို့၊ သရော်လေတယ်
သည်အားပေးမှုတွေကြား
မယ်ပပရယ် နော်ကျေလေတယ်

ကိုလူရွှင်တော်တွေကြား
ရယ်စရာတိုက်ကျွေး
ဟာသတစ်ခွက်ပေးသက်ဆက်လည်း
အမြင်မလိုသူ ကိုကာလသားတစ်သိုက်တွေက
သည်အငြိမ့်သမ အလကားပါတဲ့
သည်စကားစစ်တိုက်ကွက်ကြား
မယ်ပပရယ် ကျော်လွှားနိုင်ဖို့ရေး
အကအလှတွေတင်မက
ဆယ်သက်စာ သည်းခံစိတ်တွေလည်း
မွေးခဲ့သေးတယ်

ဆိုတေးငိုရီ အကအလှ
ရယ်စရာပြက်လုံးတွေကြား
ဟန်ဆောင်အသွင်တွေနှင့်
မယ်ပပလေး ရင်ထဲမှာ
ငိုခဲ့ရတာလည်း
ဒီရေတွေလို တက်လိုက်ကျလိုက်နှင့်
မယ်ပပလေ ငိုလိုက်ရယ်လိုက်နှင့်ရယ်
ဘ၀အမောတွေကြား
မယ်ပပ အပြုံးတွေ စားသုံးချင်တယ်။      ။

နရီထက်
( ၁၇ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 17, 2010
Comment #1

ဆိုတေးငိုရီ အကအလှ
ရယ်စရာပြက်လုံးတွေကြား
ဟန်ဆောင်အသွင်တွေနှင့်
မယ်ပပလေး ရင်ထဲမှာ
ငိုခဲ့ရတာလည်း
ဒီရေတွေလို တက်လိုက်ကျလိုက်နှင့်
မယ်ပပလေ ငိုလိုက်ရယ်လိုက်နှင့်ရယ်
ဘ၀အမောတွေကြား
မယ်ပပ အပြုံးတွေ စားသုံးချင်တယ်….ကောင်းတယ်အကိုကြီး
အားပေးသွားတယ်နော်…

commentinfo By: myintmo at Jun 16, 2011
Comment #2

ကောင်းပါတယ်ဘေတာကြီးးးးးး
ကျန်းမာရေးလည်းဂရုစိုက်အုံးနော်..
ခရီးလေးဘာလေးလည်းထွက်အုံး
အမေ့ဆီလည်းသွားပြီးဇေယာရသ်သွားလုပ်အုံး
အိမ်ထောင်လည်းပြုအုံးးး

commentinfo By: u yaenaing at Jun 16, 2011
Comment #3

ဟုတ်ကဲ့ပါ.. … ဦးလေးကြီး…
ဦးလေးကြီး ပြောတဲ့အတိုင်း နေထိုင်ပါ့မယ်…

commentinfo By: Nayihtet at Jun 16, 2011
Comment #4

ကျေးဇူးပါ… ချစ်ညီမငယ်…

commentinfo By: Nayihtet at Jun 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment