Professional Authors

ဆိပ်ကမ်း

ကုန်တင်ကုန်ချဘ၀ထမ်းသမားတွေ ချွေးတရွှဲရွှဲ ရယ်မောကြ
ရေပျော်ငှက်တွေ သူတို့ဘ၀သူတို့ လူးလားတုန့်ခေါက်မောင်းနှင်နေချိန်
ထမင်းအိုးလေး အချိန်မှန် ပွက်ပွက်ဆူနိုင်ဖို့ သူများဝတ်မယ့်အင်္ကျီ
ကိုယ့်လက်နဲ့လျှော်ဖွပ်နေရတဲ့မြည်တွန်တောက်တီးသံဟာ
တသုန်သုန်တိုက်ခတ်နေတာ ရှိတယ်
သောင်ပြင်မှာ သဲအိမ်ဆောက်နေတဲ့ ကလေးတွေ ရှိတယ်
လူကြီးတွေ စိုးရိမ်တကြီးတားမြစ်နေတဲ့ကြားက
“ ငါကွ…”ဆိုတဲ့ကြုံးဝါးသံ
မြစ်ထဲ ဒိုင်ဗင်ထိုးဆင်းသွားတာတွေ ရှိတယ်
သွားတဲ့လူတွေက သွားပြီး လာတဲ့လူတွေက လာကြတယ်
ငါတို့ကို လှမ်းကြည့်နေတဲ့ဟိုးအဝေးတစ်ဖက်ကမ်းရှုမျှော်ခင်းထဲ
ငါတို့ရဲ့ဆိပ်ကမ်းဟာ သမ္မာအာဇီဝကျကျ လှပနေရင် ပြီးတာပဲ
ဒီမှာတော့ စိတ်ကိုအစိုးမရတဲ့လူတစ်ယောက်
တစ်စုံတစ်ခုကို မြစ်ကြီးထဲ စောင့်မျှော်ငေးမောရင်း
မြစ်တစ်စင်းလုံး ဒီကဗျာထဲ စီးဝင်လာပုံ

                                                                         ကိုသျှား

In: ကဗျာ Posted By: Date: Dec 1, 2011
Comment #1

တစ်စုံတစ်ခုကို မြစ်ကြီးထဲ စောင့်မျှော်ငေးမောရင်း
မြစ်တစ်စင်းလုံး ဒီကဗျာထဲ စီးဝင်လာပုံ

Leave Comments

Name*

Email*
Website
Email me whenever there is new comment