ပြဿဒါးများ
အပြန်လမ်းတစ်ခု အကြွေးပေးရမှာပဲ အဖတ်တင်တယ်
ဘယ်သူမှ တံခါးမခေါက်ချင်တဲ့မြွေတွန်သံတွေကို
အကြိမ်ကြိမ် တွန်းဖွင့်နေမိခဲ့ငါ့မှာ
သားကိုမျှော်နေမယ့်အမေ့ရင်ရိပ်မှာလဲ မအိပ်စက်နိုင်သေးဘူး
ချစ်သူကိုလွမ်းတနေမယ့်ညီမလေးရဲ့ရင်ငွေ့ကိုလဲ မလှုံနိုင်သေးဘူး
အဝေးပြေးကားကြီးတွေကို ငေးကြည့်ရင်မောနေရတယ်
မနက်ဖြန်မှာ ဘာဖြစ်မယ်မသေချာသေးဘူး
ကမ္ဘာကြီးကရော လည်နေဦးမှာပဲလား
အစာကိုမြင်လို့ ချိတ်ကိုမကြောက်တဲ့ငါးတွေဟာ
မြို့ပြမှာ နေထိုင်ကြတယ်ငါ့လို
စိတ်သွားတိုင်းတော့ ခရီးမပေါက်နိုင်ဘူးပေါ့
ယုံယုံကြည်ကြည် ရိုးသားခဲ့ပါတယ်
လူကို မောင်းနှင်တဲ့လောင်စာဟာ ဆာလောင်မှုပဲ
အခု ငါဝှက်ယူလာခဲ့တဲ့ဘ၀သစ္စာကို ပွတ်သပ်
တယုတယ ရိုက်ချကြည့်မိတော့ “ ဘူဖဲ ” ပဲ
အခုထိ ငါ့ဆီကြွေကျမယ့်ကြယ် မရှိဘူး
အိမ်မပြန်နိုင်တဲ့စိတ်ကလေး အပြင်းဖျားတယ်
ကိုသျှား
Comment #2
စိတ်သွားတိုင်းတော့ ခရီးမပေါက်နိုင်ဘူးပေါ့
ယုံယုံကြည်ကြည် ရိုးသားခဲ့ပါတယ်
လူကို မောင်းနှင်တဲ့လောင်စာဟာ ဆာလောင်မှုပဲ………
လူကို မောင်းနှင်တဲ့လောင်စာဟာ ဆာလောင်မှုပဲ………
လူကို မောင်းနှင်တဲ့လောင်စာဟာ ဆာလောင်မှုပဲ………
By: terry at Dec 3, 2011

Comment #1