Professional Authors

အဝေးဆုံး

ငါထွက်ပြေးချင်တယ်
အားလုံးနဲ့ဝေးရာကို
အပြုံးတုတွေမြင်ရတာ ရွံ့လာလို့

ငါထွက်ပြေးချင်တယ်
အင်တာနက်မရှိတဲ့နေရာကို
Offline ဖြစ်နေတဲ့ မင်း nick ကို စိတ်ကုန်လာလို့

ငါထွက်ပြေးချင်တယ်
တယ်လီဖုန်းသံတွေ တိတ်ဆိတ်နေတဲ့နေရာကို
အလာပ စကားသံတွေကို မုန်းတီးလာလို့

ငါထွက်ပြေးချင်တယ်
မင်းပုံရိပ်တွေမရှိတဲ့နေရာကို
မင်းကအမြဲစိုးမိုးနေတာကို ကြောက်ရွံ့လာလို့

ငါထွက်ပြေးချင်တယ်
မင်းကိုမေ့သွားစေမယ့် နေရာကို
မင်းကိုနေ့စဉ်တမ်းတ သတိရနေမိတာ ငါပင်ပန်းလာလို့

ငါအရမ်းပင်ပန်းနေပြီ…
ငါထွက်ပြေးချင်တယ်……..
ဟိုး………အဝေး…….အဝေး……….အဝေးဆုံး ကို ငါထွက်ပြေးချင်တယ်…

In: ကဗျာ Posted By: Date: Nov 30, 2011
Comment #1

inn,,,be ko le?
like ke me lay,,

commentinfo By: ei lay at Nov 30, 2011
Comment #2

ရှာနေတုန်းပဲ
တွေ့ရင်ပြောမယ်လေနော်…
တူတူသွားကြတာပေါ့… 😀
ကူရှာပေးဦးလေ….

commentinfo By: Shinny at Dec 1, 2011
Comment #3

he,,he,,
a khu pe. a khu pe
sate nyit nay loh.

commentinfo By: ei lay at Dec 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment