Professional Authors

မချစ်တတ်သူတို့ရဲ့အမုန်းပြိုင်ပွဲ

ဖြစ်တတ်ပါတယ်

ငါညံ့လို့ခံခဲ့ရတာ မင်းသိပ်တော်တယ်မထင်နဲ့
မျက်စိမှိတ်ပြီးချစ်ခဲ့မိတာ ငါ့ရဲ့အမှား
မာယာထောင်ချောက်ကို မြင်ရက်နဲ့ဆင်းသက်ခဲ့တာ

ငါ့ရဲ့မိုက်မဲမှု……….။
ဒါတွေကြောင့်ခံခဲ့ရပေမဲ့ မင်းမနိုင်သေးပါဘူး
မင်းမြင်ချင်တဲ့ ငါ့မျက်ရည် ဘယ်တော့မှမကျစေရဘူး
မင်းပျက်စေချင်တဲ့ငါ့ရဲ့ဘ၀ မလဲပြိုစေရဘူး
မင်းရင်ထဲမှာ ငါ့အတွက်အချစ်မရှိသလို
ငါ့ရင်ထဲမှာလဲ မင်းအတွက်ခွင့်လွှတ်ခြင်းဆိုတာမရှိဘူး………..

မင်းရဲ့အတ္တနဲ့ငါ့ရဲ့မာန အားပြိုင်တဲ့ပွဲမှာ
ငါ့နှလုံးသားစတေးလိုက်ရပေမယ့်
ငါ့နှလုံးသွေးတွေဟာ မင်းအတွက်
ချိုမြိန်တဲ့ဝိုင်တစ်ခွက် လုံးဝမဖြစ်စေရဘူး…………….

မင်းကြောင့်ငါ့ရဲ့ဘဝ
ဒဏ်ရာတွေဗရဗွနဲ့ နာကြင်စရာတွေပြည့်နှက်နေလဲ
မင်းစောင့်ကြည့်နေပါ
ဒီပွဲက မပြီးသေးပါဘူး…………….။

In: ကဗျာ Posted By: Date: Jul 12, 2010
Comment #1

good!!
i like it
that’s right

commentinfo By: ဖူးမေ at Aug 5, 2010
Comment #2

ချ……သူနိုင်ကိုယ်နိုင်…..အမုန်းသာစွဲ

commentinfo By: အသဲကွဲမိုး at Jan 3, 2011
Comment #3

အရမ်းမိုက်တယ်

commentinfo By: Nandar at Feb 12, 2011
Comment #4

ကဲ လာထား……….

commentinfo By:ူlaypyae at Feb 19, 2011
Comment #5

အရမ်းမိုက်တယ်……ခံစားချက်ချင်းတူလို့..

commentinfo By: ကြယ်စင်နတ်သမီး at Aug 8, 2011
Comment #6

a me lay dot,,,
kyauk sa yar g,,
e lo chit thu myo shi me so yin dot,,,,,ei lay dot tay p.
he,,he,,

commentinfo By: ei lay at Dec 12, 2011
Comment #7

စိတ်ကိုထိန်းကြပါဗျာ မထိန်းနိုင်ရင်လည်း အသေသာသတ် ခေါင်းကိုမထောင်စေနဲ့ (just kidding)
ခေါင်းစဉ်နဲ့စာသားလိုက်ဖက်မှုရှိတဲ့ကဗျာလေးတစ်ပုဒ် ~~

commentinfo By: X - ray at Jun 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment