Professional Authors

အ စိမ်း ရောင် တော အုပ် မှ ပျံ သန်း ထွက် ခွာ ခြင်း

 

 

ငါ ပုံ ပြင် ဆန် ခဲ့ ဖူး ပါ တယ် ယုံ တမ်း တွေ မှာ လဲ

ပျော် ဝင် ဖူး ခဲ့ တယ်… ဆား မ ပါ တဲ့ ဟင်း လဲ

စား ခဲ့ ဖူး တယ် .. အ နှစ် မ ပါ တဲ့ စ ကား လဲ

ကြား ခဲ့ ဖူး တယ်… ငါ ပုံ ပြင် ဆန် ခဲ့ ဖူး ပါ တယ်

နား ထောင် ဆို တဲ့ အ ချိန် မှာ..မျက် နှာ လွှဲ ခဲ့ ဘူး တယ်

နေ ပါ ဆို တဲ့ အ ချိန် မှာ လဲ…ကျော ခိုင်း ခဲ့ ဖူး တယ်

သွား ပါ ဆို တဲ့ အ ချိန် မှာ လဲ…ရပ် စောင့် ခဲ့ ဖူး တယ်

ငါ ပုံ ပြင် ဆန် ခဲ့ ဖူး တယ် .. သံ ယော ဇဉ် တစ် ခု ကို လဲ

အ ရောင် ဆိုး ခဲ့ ဖူး တယ်…အ လွမ်း သင့် ပန်း ချီ ကို လဲ

အ ရောင် စုံ ခြယ် ခဲ့ ဖူး တယ် … အ ရောင် ပြယ် အိပ် မက် တွေ လဲ

တန် ဆာ ဆင် မက် ခဲ့ ဘူး တယ်… မ ရှိ ခဲ့ ဘူး တဲ့ အ ချစ် ကို လဲ

အ ရှိ လုပ် ဖူး တယ်…ငါ ပုံ ပြင် ဆန် နေ အုံး မှာ ပါ

ဘယ် တော့ မှ မ ဆုံ နိုင် မဲ့ မျဉ်း ဖြောင့် တစ် ကြောင်း ရဲ့ ဘေး မှာ

ငါ ရပ် နေ မိ သ ရွေ့.. အ တ္တ ပု ဝါ ပါး တစ် ထည် လွှမ်း ခြုံ ရင်း

ဝေး လွင့် ခြင်း တောင် ပံ တစ် စုံ နဲ့

အ နက် ရောင် အ တိတ် မြို့ ရိုး ကို ကျော် လွန်

မေ့ လျော့ ခြင်း တော အုပ် ဆီ ပျံ သန်း ရင်း

ငါ      ပုံ ပြင်   ဆန် နေ အုံး မှာ ပါ…

 

 

In: ကဗျာ Posted By: Date: Nov 29, 2011
Comment #1

ကဗျာလေး တကယ်ကောင်းပေ့ဗျာ
ဖတ်ရှုအားပေးသွားကြောင်းပါ
ဒါနဲ့ အစ်မရွှေငါး ပျောက်နေတာကြာပြီနော် ။

commentinfo By: X - ray at Nov 29, 2011
Comment #2

သွား ပါ ဆို တဲ့ အ ချိန် မှာ လဲ…ရပ် စောင့် ခဲ့ ဖူး တယ်
.
.
.

မ ရှိ ခဲ့ ဘူး တဲ့ အ ချစ် ကို လဲ အ ရှိ လုပ် ဖူး တယ်…

တစ်ပုဒ်လုံး နှစ်ခေါက် အဲ …မဟုတ်ပါဘူး သုံးခေါက်ပြန်ဖက်ပီး အားပေးသွားတယ်
မှတ်ချက် ဂွတ်ထ…..ဂွတ်ထ….(good)တယ်

commentinfo By: nate thit at Dec 16, 2011
Comment #3

ခင်မင်မှု့နဲ့ပေးတဲ့မှတ်ချတ်တွေကိုလက်မခံပါ .. 😉
ပုံ
ရွှေငါး 😛

commentinfo By: ရွှေငါး at Dec 17, 2011
Comment #4

ဘယ် တော့ မှ မ ဆုံ နိုင် မဲ့ မျဉ်း ဖြောင့် တစ် ကြောင်း ရဲ့ ဘေး မှာ

ငါ ရပ် နေ မိ သ ရွေ့.. အ တ္တ ပု ဝါ ပါး တစ် ထည် လွှမ်း ခြုံ ရင်း

ဝေး လွင့် ခြင်း တောင် ပံ တစ် စုံ နဲ့ . . . .

commentinfo By: မောင်ချမ်းအေး at Feb 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment