Professional Authors

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အနိုင်မခံ

၁၉၃၆ ခု ထုတ် အိုးဝေမဂ္ဂဇင်း ၊ အတွဲ ၆ အမှတ် ၁ မှာ ဝီလီယမ် အားနက်စ်ဟင်နလီ William Ernest Henley ရဲ့ “ Invictus ” ကဗျာကို “ အနိုင်မခံ ” လို့ ဘာသာပြန် ထုတ်ဝေခဲ့တဲ့ဗိုလ်ချုပ်ရဲ့လက်ရာလေးပါ….

 \”ငါ့အား ဖုံးလွှမ်းထားသော လ ကွယ်သန်းခေါင် ၊
ဤ အမှောင်တွင်းမှနေ၍ အနိုင်မခံ အရုံးမပေးတတ်သော
ငါ၏ စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူးတင်၏။
လောကဓံ တရားတို့၏ ရက်စက်ကြမ်းကြုပ်သော လက်ခုပ်အတွင်းသို့ ကျရောက်နေရငြားသော်လည်း
ငါကား မတုန်လှုပ် ၊ မငိုကြွေး ၊
ကံတရား၏ ရိုက်ပုပ်ခြင်း ဒါဏ်ချက်တို့ကြောင့် ၊
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ၊ ညွှတ်ကားမညွှတ်

ဤလောဘ ဒေါသ တို့ကြီးစိုးရာ ဌာန၏ အခြားမဲ့ကား ၊
သေခြင်းတရားသည် ငံ့လင့်လျှက် ရှိ၏။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ၊
သုဂတိသို့ သွားရာတံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ ၊
ယမမင်း၏ ခွေးရေပုရပိုဒ်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သား ထားသည်ဖြစ်စေ ၊
ငါ့ကား ဂရုမပြု ၊
ငါသာလျှင် ငါ့ကံ၏ အရှင်သခင် ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း ” …………။

ဒါကတော့ William Ernest Henley ရဲ့ မူရင်းကဗျာလေးဖြစ်ပါတယ်

              Invictus

Out of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.

It matters not how strait the gate,
How charged with punishments the scroll.
I am the master of my fate:
I am the captain of my soul.

In: ကဗျာ Posted By: Date: Nov 28, 2011
Comment #1

thz

Leave Comments

Name*

Email*
Website
Email me whenever there is new comment