အသက်မွေးဝမ်းကြောင်း – နရီထက်
ကိုယ့်ထမင်းကိုယ့်စားပြီး အမှန်တွေကို
ဝိုင်းဖက်တွယ်တာ မြတ်နိုးတတ်ဖို့ သင်ပေးခဲ့တာ မဟုတ်ဘူး
အမှားတွေကို ပြောကြ မြင်ကြ
ပုတ်ခတ်ကြရင်းနဲ့ ဘ၀တွေ ကြီးပြင်းခဲ့ရတာပါ
အဖြူရောင်ဆိုတာ မြတ်နိုးတွယ်ဖက်ဖို့ မဟုတ်ဘူး
အရောင်တွေ ရောစပ်ရင်းနဲ့ အသုံးချခံ သက်သက်လောက်ပါ
ဘရိတ်မရှိတဲ့ ဦးနှောက်အတွက်
ဖြတ်လမ်းတွေက အဖြောင့်သက်သက်မဟုတ်တော့
အကွေ့ရောက်ရင် သတိပေးစနစ်မရှိတာ များခဲ့ကြတယ်
ခေါင်းလောင်းထိုးသံက
ကမ္ဘာကြီးငြိမ်းချမ်းရေး ကို ခေါ်ဆောင်လာတတ်ခဲ့သလို
ကမ္ဘာပျက်မယ့်နေ့ကိုလည်း ခေါ်ပေးတတ်ဆိုတာ သတိရစေချင်တယ်။ ။
နရီထက်
( ၂၈ ၊ နိုဝင်ဘာလ ၊ ၂၀၁၁ )
Comment #3
ကိုယ့်ထမင်းကိုယ့်စားပြီး အမှန်တွေကို
ဝိုင်းဖက်တွယ်တာ မြတ်နိုးတတ်ဖို့ သင်ပေးခဲ့တာ မဟုတ်ဘူး
အမှားတွေကို ပြောကြ မြင်ကြ
ပုတ်ခတ်ကြရင်းနဲ့ ဘ၀တွေ ကြီးပြင်းခဲ့ရတာပါ
ခေါင်းလောင်းထိုးသံက
ကမ္ဘာကြီးငြိမ်းချမ်းရေး ကို ခေါ်ဆောင်လာတတ်ခဲ့သလို
ကမ္ဘာပျက်မယ့်နေ့ကိုလည်း ခေါ်ပေးတတ်ဆိုတာ သတိရစေချင်တယ်။ ကဗျာလေးက တိုတို လေးနဲ့ ထိထိမိမိ ပဲနော် အကြိုက်ဆုံးအပှဒ်လေးတွေကို comment ပေးထားတယ် ။ အားပေးသွားတယ်နော်။
By: thuya at Nov 29, 2011
Comment #4
good bro
By: poaike at Sep 27, 2015




Comment #1
ခေါင်းလောင်းထိုးသံက
ကမ္ဘာကြီးငြိမ်းချမ်းရေး ကို ခေါ်ဆောင်လာတတ်ခဲ့သလို
ကမ္ဘာပျက်မယ့်နေ့ကိုလည်း ခေါ်ပေးတတ်ဆိုတာ သတိရစေချင်တယ်။ ။
gooD