Professional Authors

ချစ်သူဖန်ဆင်းပေးသော ခံစားချက်ကဗျာ

အဝေးမှာလည်း နေဖြစ်တယ်
အချစ်တို့များစွာလည်း ကျန်ရစ်နေတယ်
ပြန်ဆုံတွေ့ဖို့အချိန်က နေ့ လ များစွာလိုနေသေးလည်း
မျှော်လင့်လို့ကောင်းတဲ့ ရှင်သန်မှုတွေနဲ့
ချစ်သူရဲ့ နာမ်စား ရေရွတ်မိရုံ
အထီးကျန်ခြင်းတို့မှာ ပြီးပြည့်စုံစွာ နေသားကျပါတယ်…..။

အနီးအနားက ဘ၀တချို့အားကျမိပေမယ့်
ပျော်ဝင်ချင်စိတ်တို့မဲ့
သံယောဇဉ်တို့အား အလွမ်းတို့ ပြည့်သိပ်စွာဖြင့် ခိုင်မာစေခဲ့ကြောင်း
နှလုံးသားနဲ့ရင်း…မျက်ရည်တို့က လမ်းပြ
ပီတိတစ်ပိုင်းတစ်စဖြင့် နားလည်ခဲ့မှုတွေရှိတယ်…..။

တခါတလေ အနေနီးစပ်မှုတွေ ပူပန်မိပေမယ့်
ခွဲခွာနေရတဲ့ဘ၀မှာ
သံသယဆိုတာ ရန်သူလို့သက်မှတ်
ချစ်သူရဲ့ အယူအဆများစွာကိုသာ
ထပ်တူပုံပွား အမြဲ ကိုးကွယ်လို့ထားတယ်….။

ချစ်ခွင့်ရတဲ့ဘ၀မှာ သတိရခြင်းတို့ကသာ
သက်တမ်းရှည်စွာ မင်းမူလာခဲ့
ဒါပေမယ့် လိုချင်တပ်မက်ပါတယ်
ချစ်သူ ပေးသမျှအရာရာဟာ ဘ၀ရဲ့ အမြတ်နိုးဆုံးနှစ်သက်ရာပါ…။

နေ၀င်ချိန်တို့ အဖော်မဲ့စွာ ဖြတ်သန်းရင်း
အငြိုအငြင်မဲ့စွာ လျှောက်လှမ်းနေဆဲပါ
မိန်းမတစ်ယောက်ရဲ့ စွဲမြဲသော သစ္စာက
အဝေးအဝေးက ချစ်သူအတွက် သီးသန့်ဆိုတာ
တစ်ချိန်ချိန်တွေထိ သက်သေပြခွင့်ရှိဖို့
ကျေနပ်စွာဖြင့် ဒီနေရာမှာ နေထိုင်နေဦးမယ်…..။

ချစ်သူရဲ့ စကားသံက သံစဉ်တေးသွား…
ချစ်သူက ပေးတဲ့ ရသမြောက်များစွာနဲ့
ခံစားရသမျှ သေသပ်တယ်…..။

…….
…စောင့်မျှော်ရခြင်းတွေအား ဆက်လက်တည်ဆောက်နေမိခဲ့…
တကယ်ဆို ချစ်သူရယ်…
အကွာအဝေးဆိုတာရဲ့ အောက်မှာသာ….
ရင်ခုန်သံတို့ ကျပျောက်ကုန်မှာ စိုးပါတယ်….။

In: ကဗျာ Posted By: Date: Nov 25, 2011
Comment #1

တကယ်ဆို ချစ်သူရယ်…
အကွာအဝေးဆိုတာရဲ့ အောက်မှာသာ….
ရင်ခုန်သံတို့ ကျပျောက်ကုန်မှာ စိုးပါတယ်….။

ခံစားသွားပါတယ် …

commentinfo By: eTerNITY at Nov 25, 2011
Comment #2

မျှော်လင့်လို့ကောင်းတဲ့ ရှင်သန်မှုတွေနဲ့
ချစ်သူရဲ့ နာမ်စား ရေရွတ်မိရုံ
အထီးကျန်ခြင်းတို့မှာ ပြီးပြည့်စုံစွာ နေသားကျပါတယ်…..။

မိန်းမတစ်ယောက်ရဲ့ စွဲမြဲသော သစ္စာက
အဝေးအဝေးက ချစ်သူအတွက် သီးသန့်ဆိုတာ
တစ်ချိန်ချိန်တွေထိ သက်သေပြခွင့်ရှိဖို့
ကျေနပ်စွာဖြင့် ဒီနေရာမှာ နေထိုင်နေဦးမယ်…..။
ကောင်းတယ်ဗျာ… သဘောကျတယ်..

Comment #3

ကေ….ကြိုက်တယ်ဆိုတာထက်ပိုပါတယ်…ခံစားချက်တွေမြင်နေရတယ်

commentinfo By: အသဲကွဲမိုး at Nov 26, 2011
Comment #4

hin,,,,,,,,hote par bu.
don’t worry.
believe urself.

commentinfo By: ei lay at Nov 26, 2011
Comment #5

အားပေးသွားပါတယ်ဗျာ

commentinfo By: moehtetaung18 at Nov 26, 2011
Comment #6

…စောင့်မျှော်ရခြင်းတွေအား ဆက်လက်တည်ဆောက်နေမိခဲ့…
တကယ်ဆို ချစ်သူရယ်…
အကွာအဝေးဆိုတာရဲ့ အောက်မှာသာ….
ရင်ခုန်သံတို့ ကျပျောက်ကုန်မှာ စိုးပါတယ်…အားတင်းထားပါလို့ ပြောချင်ပါတယ်…..ကဗျာဖတ်ခွင့်အတွက်ကျေးဇူးဗျာ

commentinfo By: sharon myorr myor at Nov 26, 2011
Comment #7

တကယ်ကို…ကြေကွဲစရာပါ
ကျွန်တော်လဲကြုံဖူးတယ်
ရွှေကြယ်မိုးပါ………….အားပေးသွားပါတယ်

commentinfo By: yaewintaung at Nov 26, 2011
Comment #8

တကယ်ဆို ချစ်သူရယ်…
အကွာအဝေးဆိုတာရဲ့ အောက်မှာသာ….
ရင်ခုန်သံတို့ ကျပျောက်ကုန်မှာ စိုးပါတယ်….။
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 28, 2011
Comment #9

တကယ်ဆို ချစ်သူရယ်…
အကွာအဝေးဆိုတာရဲ့ အောက်မှာသာ….
ရင်ခုန်သံတို့ ကျပျောက်ကုန်မှာ စိုးပါတယ်….။
ကောင်းလိုက်တဲ့ ရင်ဘတ်တေးသွား
နားဆင်သွားကြောင်းပါ ~~

commentinfo By: X - ray at Nov 29, 2011
Comment #10

…စောင့်မျှော်ရခြင်းတွေအား ဆက်လက်တည်ဆောက်နေမိခဲ့…
တကယ်ဆို ချစ်သူရယ်…
အကွာအဝေးဆိုတာရဲ့ အောက်မှာသာ….
ရင်ခုန်သံတို့ ကျပျောက်ကုန်မှာ စိုးပါတယ်….။

အဝေးမှာလည်း နေဖြစ်တယ်
အချစ်တို့များစွာလည်း ကျန်ရစ်နေတယ်
ပြန်ဆုံတွေ့ဖို့အချိန်က နေ့ လ များစွာလိုနေသေးလည်း
မျှော်လင့်လို့ကောင်းတဲ့ ရှင်သန်မှုတွေနဲ့
ချစ်သူရဲ့ နာမ်စား ရေရွတ်မိရုံ
အထီးကျန်ခြင်းတို့မှာ ပြီးပြည့်စုံစွာ နေသားကျပါတယ်…..။

အနီးအနားက ဘ၀တချို့အားကျမိပေမယ့်
ပျော်ဝင်ချင်စိတ်တို့မဲ့
သံယောဇဉ်တို့အား အလွမ်းတို့ ပြည့်သိပ်စွာဖြင့် ခိုင်မာစေခဲ့ကြောင်း
နှလုံးသားနဲ့ရင်း…မျက်ရည်တို့က လမ်းပြ
ပီတိတစ်ပိုင်းတစ်စဖြင့် နားလည်ခဲ့မှုတွေရှိတယ်…..။

တခါတလေ အနေနီးစပ်မှုတွေ ပူပန်မိပေမယ့်
ခွဲခွာနေရတဲ့ဘ၀မှာ
သံသယဆိုတာ ရန်သူလို့သက်မှတ်
ချစ်သူရဲ့ အယူအဆများစွာကိုသာ
ထပ်တူပုံပွား အမြဲ ကိုးကွယ်လို့ထားတယ်….။

ချစ်ခွင့်ရတဲ့ဘ၀မှာ သတိရခြင်းတို့ကသာ
သက်တမ်းရှည်စွာ မင်းမူလာခဲ့
ဒါပေမယ့် လိုချင်တပ်မက်ပါတယ်
ချစ်သူ ပေးသမျှအရာရာဟာ ဘ၀ရဲ့ အမြတ်နိုးဆုံးနှစ်သက်ရာပါ…။

နေ၀င်ချိန်တို့ အဖော်မဲ့စွာ ဖြတ်သန်းရင်း
အငြိုအငြင်မဲ့စွာ လျှောက်လှမ်းနေဆဲပါ
မိန်းမတစ်ယောက်ရဲ့ စွဲမြဲသော သစ္စာက
အဝေးအဝေးက ချစ်သူအတွက် သီးသန့်ဆိုတာ
တစ်ချိန်ချိန်တွေထိ သက်သေပြခွင့်ရှိဖို့
ကျေနပ်စွာဖြင့် ဒီနေရာမှာ နေထိုင်နေဦးမယ်…..။

ချစ်သူရဲ့ စကားသံက သံစဉ်တေးသွား…
ချစ်သူက ပေးတဲ့ ရသမြောက်များစွာနဲ့
ခံစားရသမျှ သေသပ်တယ်…..။

commentinfo By: aung kaungthant at Dec 15, 2011
Comment #11

:'(
:'(
😮

commentinfo By: ei lay at Dec 25, 2012
Comment #12

အကုန်အားပေးသွားပါတယ်..

commentinfo By: ရဲရင့် at Jul 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment