Professional Authors

ခံစားချက်စစ်စစ် ဖြစ်ပါသည်

နင့်ရဲ့ သံသယက ငါတို့ရဲ့ သံယောဇဉ်ကို အနိုင်ယူသွားတယ်………
အမှားတွေမြင်တယ်
အမှန်ကို ငြင်းတယ်……
ဝန်ခံပြီးခဲ့တာတောင်မှ
လွန်ကဲတဲ့အဆင့် နင်က တဖတ်သက် နင်ပဲ သက်မှတ်…….
နင်လိုချင်တဲ့ တစ်စုံတစ်ရာကို
ငါ့အမှားကြောင့်ပဲ ကျူးလွန်တော့မလို…..။

စွဲချက်ကို မြှင့်ခဲ့တယ်
နင်မပါဝင်တော့တဲ့ ငါ့အတွေး ခြောက်ကပ်ကပ်တော့နိုင်သားပဲ….
ဒါပေမယ့်…..
မယုံကြည်တော့တဲ့ မျက်ဝန်းကိုတော့ ငါ ရှောင်ဖယ်ချင်သွားတယ်…….။

နင့်ကိုပဲရည်ရွယ်ခဲ့လို့
အမှတ်တရဖြစ်စေမယ့် အကြင်နာ နင့်အတွက်ပဲ….တည်ရှိခဲ့တာပါ….
တခြားသူကိုပါ ဖန်တီးပေးရလောက်အောင်
ငါ တန်ဖိုးမဲ့တဲ့ မိန်းမ မဟုတ်ဘူး ချစ်သူ….။

အချိန်တွေနဲ့ ရင်းခဲ့ရတဲ့ ငါ့အလွမ်း
နင့်အယူအဆကြောင့်….သဲထဲရေသွန်လိုက်သလို……။

ပြန်လာဖို့မသေချာဘဲ
ကြိုဆိုနေဖို့ ကတိမပေးနိုင်တော့တဲ့ ငါ့ချစ်သူအတွက်….
နောက်ဆုံးစကားလေးပဲ အမှာခြွေချင်ပါတယ်….
ငါအပါအ၀င် တချို့ မိန်းကလေးတွေက
ကိုယ့်ချစ်သူရဲ့ စွပ်စွဲချက်
ကိုယ်ကျင့်တရားနဲ့ပါ ထိပါးလာတဲ့အခါ…..
အသည်းခိုက်အောင်နာပြီး……………..ဒီဘ၀ ဆုံးသွားတာတောင် ရှောင်ဖယ်သွားတက်တယ်ဆိုတာ……။

In: ကဗျာ Posted By: Date: Jan 22, 2011
Comment #1

ပြန်လာဖို့မသေချာဘဲ
ကြိုဆိုနေဖို့ ကတိမပေးနိုင်တော့တဲ့ ငါ့ချစ်သူအတွက်….
နောက်ဆုံးစကားလေးပဲ အမှာခြွေချင်ပါတယ်….
ငါအပါအ၀င် တချို့ မိန်းကလေးတွေက
ကိုယ့်ချစ်သူရဲ့ စွပ်စွဲချက်
ကိုယ်ကျင့်တရားနဲ့ပါ ထိပါးလာတဲ့အခါ…..
အသည်းခိုက်အောင်နာပြီး……………..ဒီဘ၀ ဆုံးသွားတာတောင် ရှောင်ဖယ်သွားတက်တယ်ဆိုတာ……။
……………
ကေရေ……ခံစားချက်တွေကွက်တိပဲ….ထိသွားတယ်…..(ရင်ဘတ်ကြီးထဲ တည့်တည့်)…
ရေးပါဦးကဗျာလေးတွေ…………အားပေးနေတယ်

commentinfo By: အသဲကွဲမိုး at Jan 22, 2011
Comment #2

နင့်ကိုပဲရည်ရွယ်ခဲ့လို့
အမှတ်တရဖြစ်စေမယ့် အကြင်နာ နင့်အတွက်ပဲ….တည်ရှိခဲ့တာပါ….
တခြားသူကိုပါ ဖန်တီးပေးရလောက်အောင်
ငါ တန်ဖိုးမဲ့တဲ့ မိန်းမ မဟုတ်ဘူး ချစ်သူ….။
—————-
ပြန်လာဖို့မသေချာဘဲ
ကြိုဆိုနေဖို့ ကတိမပေးနိုင်တော့တဲ့ ငါ့ချစ်သူအတွက်….
နောက်ဆုံးစကားလေးပဲ အမှာခြွေချင်ပါတယ်….
ငါအပါအ၀င် တချို့ မိန်းကလေးတွေက
ကိုယ့်ချစ်သူရဲ့ စွပ်စွဲချက်
ကိုယ်ကျင့်တရားနဲ့ပါ ထိပါးလာတဲ့အခါ…..
အသည်းခိုက်အောင်နာပြီး……………..ဒီဘ၀ ဆုံးသွားတာတောင် ရှောင်ဖယ်သွားတက်တယ်ဆိုတာ……။
—————
ပန်းအိ ကြိုက်တယ် ကေသရီ။

commentinfo By: pannei at Jan 24, 2011
Comment #3

ငါအပါအ၀င် တချို့ မိန်းကလေးတွေက
ကိုယ့်ချစ်သူရဲ့ စွပ်စွဲချက်
ကိုယ်ကျင့်တရားနဲ့ပါ ထိပါးလာတဲ့အခါ…..
အသည်းခိုက်အောင်နာပြီး……………..ဒီဘ၀ ဆုံးသွားတာတောင် ရှောင်ဖယ်သွားတက်တယ်ဆိုတာ……။

——————————-
အဲဒီ့စာသားလေးအ၇မ်းကြိုက်တယ်

commentinfo By: Zarni at May 8, 2011
Comment #4

100% right,
i agree with u

commentinfo By: ei lay at Apr 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment