Professional Authors

သူဌေးကြီး – နရီထက်

ရင်းမြစ်က အကြောင်းခံ
ထင်ပေါ်လို့ စင်တော်ပြန်
အသိုင်းအ၀ိုင်းက ဟိတ်ဟန်နှင့်လေ
တစ်ချို့ကြက အောက်ထစ်နှင့်
ကြွားလုံးက အသုံးတော်ခံ
ကြိုးစားခဲ့သေး….
ဘုရားတရားနှင့် ကျောင်းတော်ကန်
ဘွဲ့အမည်က ရာထူးဆင့်ပြန်
ဘာတဲ့ ဘာတဲ့ ကျောင်းဒကာကြီးရယ်…
ပျော်ပွဲတစ်ချို့နှင့် ဘ၀ကညည်းငွေ့ပြန်
ဇိမ်ခံမှ တော်ရာကျ
အမိုက်စား လိပ်စ်တက်တ်(latest)နှင့် ဟန်ကျချည်သေး..
ဆီနှင့်ရေ အတူတူ မရော
လေဆိုတာ ပဲ၊ရွေး၊ပြား လား
ညဆိုတာ တွေးနက်စရာ
ပြားတစ်ချပ် ပန်းက ဆယ်ပြား၊
ခေါင်းက ပြားငါးဆယ် ဖြစ်နေမှာလား
ယုံကြည်မှုကို မကိုးစား
နောက်ကွယ်က Remark ပေးမယ်
ဘုရား… ဘုရား…
ဆင်းရဲဘ၀ နမိတ်နာလို့
အနားက ခပ် ဝေးဝေး နေစမ်း
စိမ်မပျော်… နေပျော်တဲ့ဘ၀  အလတ်စာကြီးပါ
မြောင်းတွေ ချောင်းထဲ စီးဝင်စေစမ်း
ပင်လယ်ပြာပြာမှာ မြောင်းတွေ ဖောက်မိသေးတယ်
စိတ်ကူးနှင့် ရူးနေတဲ့ ကမ္ဘာ
ချွေးက ပိုက်ပိုက်( ပိုက်ဆံ) …
ပိုက်ပိုက်က ယိုပေါက် ဖြစ်သွားတာ မနှမြောဘူး
ငဖယ်နှင့် ငတေ အသာနေ
ဆန်ပေးလို့ ဆီယူ ကျေးဇူးတော်က ကြီးပြန်သေး
နောက်တစ်ခါမှာ ငါ သူတို့ကို ဗွေမယူပါဘူး
ပြောလိုက်မယ်လေ….
လုံခြုံမှု(security)က  နံပါတ်တစ်
ဖိနပ်ချွတ်စဉ်ထိ ပါလာပြန်ရစ်
သတိဆိုတာ သက်တော်စောင့်
အသိဆိုတာ မေ့ကျပျောက်
အာရုံဆိုတာ အလာကြီးပါလား
ခါလာကြီးနှင့် အမျိုးစပ်ပြန်သေးတယ်
စွပ်စွဲခြင်းက တုတ်ကောက်တစ်ခု
အဖော်ပြုမယ်… informer(သတင်းပေး)
အားလုံးသိတယ် … ငါတဲ့ကွ…. (ဟား… ဟား… ဟာ…) ။     ။

နရီထက်
( ၂၁ ၊ နိုဝင်ဘာလ ၊ ၂၀၁၁ )

 

In: ကဗျာ Posted By: Date: Nov 21, 2011
Comment #1

စိတ်ကူးနှင့် ရူးနေတဲ့ ကမ္ဘာ
ချွေးက ပိုက်ပိုက်( ပိုက်ဆံ) …
ပိုက်ပိုက်က ယိုပေါက် ဖြစ်သွားတာ မနှမြောဘူး
ငဖယ်နှင့် ငတေ အသာနေ
ဆန်ပေးလို့ ဆီယူ ကျေးဇူးတော်က ကြီးပြန်သေး
နောက်တစ်ခါမှာ ငါ သူတို့ကို ဗွေမယူပါဘူး
ပြောလိုက်မယ်လေ….

ကျွန်တော်က သိပ်မမှီသေးတာဖြစ်မယ်..ဒီနားလေးပဲ သေချာနားလည်တယ်…
ဒီနားလေးပဲ နှစ်သက်လို့ အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Nov 21, 2011
Comment #2

အရမ်းကောင်းတယ်…
စာသားတွေပြင်းထန်လာတယ်

commentinfo By: yaewintaung at Nov 21, 2011
Comment #3

သို့…
အသဲကွဲမိုး…. ကျွန်တော်ရဲ့ ကဗျာရည်ရွက်ချက်ကို ရှင်းပြပါရစေ…
သူဌေးဖြစ်တဲ့ အသိုင်းအ၀ိုင်းမှာ တစ်ဦး က မျိုးရိုးစဉ်လာ… တစ်ဦးက အောက်ခြေကနေ တက်လာတဲ့ တစ်ဦး ပေါ့
တစ်ချို့သူဌေးတွေက ဘုရားတရား.. တစ်ချို့က ဇိမ်ခံပစ္စည်း၊ အဆောင်အယောင်၊။ အပျော်အပါး.. တပ်မက်ကြတယ်
တစ်ချို့ဘ၀ကို လွတ်လပ်ပေါ့ပါး အများသူငါလို နေကြတယ်…
တစ်ချို့က သူတိုရဲ့ အသက်အိုးအိမ်စည်စိမ်ကို ကြောင့်ကြတယ်… ပြန်မဆင်းရဲချင်ကြဘူး..
တစ်ချို့က မိမိရဲ့ ၀န်ထမ်းတပည့်သားချင်းတွေကို ကူညီကြတယ်
တစ်ချို့က တစ်ကျပ်ကနေ နှစ်ကျပ်ခွာကြတယ်
တစ်ချို့က တစ်ပါးသူရဲ့ ကုန်းချော ကပ်ပါး အစားနေ အနေချောင်လိုသူတွေရဲ့  စကားတွေကို ယုံတမ်းကြတယ်
တစ်ချို့က လေ့လာဆန်းစစ်ကြတယ်… သူတပါးကို အထင်နှင့် အမြင် မလွဲစေချင်ဘူး..
အရှိန်အ၀ါဆိုတာ အထင်ကြီးစရာမဟုတ်လား…. ငါ သိ ငါ တတ် စိတ်တွေ ကြီးစိုးတာ မဆန်းပါဘူးလေ..

ကဲ… အသဲကွဲမိုးရေ … ဒီလောက်ဆိုရင် ကျွန်တော်ရဲ့ ဘက်မလိုက် မျှတစွာ ရေးဖွဲထားတဲ့ ကဗျာလေးကို အပြည့်အ၀ ခံစားလို့ရပါပြီး… အသဲကွဲမိုးရဲ့ အနားမှာ လာရောက်ပြီး ရှင်းပြနေသလို ခံစားရရင် ကျွန်တော် စာရေးရကျိုးနပ်ပါပြီး…

commentinfo By: Nayihtet at Nov 21, 2011
Comment #4

တော်တော်လေး တွေးယူရတယ်နော် ။ မလိုက်နှိင်တော့ဘူး iQ တော်မြင့်မြင့်တယ် …ကဗျာ သိမ်မနားလည်ပေးမ အတွေးအခေါ်နဲ့  အရေးအသား ကို သဘောကျလို့  အားပေးသွားတယ်။

commentinfo By: thuya at Nov 21, 2011
Comment #5

ဟုတ်…အခုလို…အရေးတယူရှင်းပြ..ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်…
တကယ်…ကျေးဇူးပါ…..
နားလည်သွားပါတယ်……
စာအရေးအသားလည်း..ထိရောက်ပါတယ်

commentinfo By: အသဲကွဲမိုး at Nov 21, 2011
Comment #6

အဖော်ပြုမယ်… informer(သတင်းပေး)
အားလုံးသိတယ် … ငါတဲ့ကွ…. (ဟား… ဟား… ဟာ…) ။ ။

မိုက်တယ်ဗျာ သူဌေးကြီးတွေရဲ့သဘာဝကိုပေါ်လွင်စေပါတယ်
အရမ်းကောင်းပါတယ် အားပေးသွားတယ်နော်…

commentinfo By: harris at Nov 21, 2011
Comment #7

လုလင် အားပေးသွားပါတယ်

Leave Comments

Name*

Email*
Website
Email me whenever there is new comment