Professional Authors

လမ်းဆုံလေး (သက်ထွေး)

(၁)

ဒီလမ်းဆုံလေးမှာ
ကျွန်တော် ချစ်တဲ့
နံ့သာတော လေးတစ်ခုရှိတယ် ..

ခေါင်းချင်းဆိုင်
အပွေ့အဖက် တစ်ချို့နဲ့
လည်ပင်းဖက် ငြင်းခုန်မှုများ
တစ်နေကုန် သင်းကြိုင်လေ့ရှိတယ် ။

(၂)

ဒီလမ်းဆုံလေးဟာ
ကွဲကွာခြင်းရဲ့ အထိမ်းအမှတ်
ဖြစ်သလို
ဆုံဆည်းခြင်းအတွက် ကျောက်တိုင်လည်း
ဖြစ်တယ် …

သူကတော့ …
ဓါးတစ်လက်လား
တံတားတစ်ဖက်လား ဆိုတာ
သမိုင်းရေးတဲ့သူကိုပဲ
ဆုံးဖြတ်စေခဲ့တယ် ။

(၃)

ဒီလမ်းဆုံလေးကို
တစ်ချို့က သင်္ချာသဘောတရားတွေနဲ့
လာရောက် တွက်ချက်လေ့ရှိသလို
တစ်ချို့ကလည်း ဗေဒင်ဟောတရားတွေနဲ့
စီခြယ် ပြောကြလေ့ရှိတယ် …

သူကတော့ …
ဒီထပ်ကိန်းတွေက
သူနဲ့ တိုက်ရိုက်အချိုးမကျပါဘူးရယ်လို့
မဟာဘုတ်တိုင် ထူရင်း
ကတိုက်ကရိုက် ရှင်းပြရှာတယ် ။

(၄)

ဒီလမ်းဆုံလေးမှာ
ပြိုင်ရင်းနဲ့ ကောက်သွားတဲ့
လမ်းပြေးလေး နှစ်ခုလဲရှိတယ် ..

တစ်နေ့ဆုံမယ် မျှော်လင့်ချက်တို့နဲ့
ပြိုင်လာလိုက်ကြတာ …
ဆုံးမယ့်တစ်နေ့ဟာ …
ဆုံမယ့် တစ်နေ့ ဖြစ်မလာခဲ့ဘူး …

(၅)

ဒီလမ်းဆုံလေးက
ကျွန်တော့်ရင်ခုန်သံ နှစ်ခြမ်း
ဖြာထွက် စူးရှသွားခဲ့တဲ့
ဝင်္ကပါ အိပ်မက်တစ်ခုပါပဲ …

နိုးထသေဆုံးတဲ့အထိ
လိုက်လို့ရှာနေခဲ့ဖူးတယ် ….

သက်ထွေး
ဇန်နဝါရီလ ၁၃ရက် ည ၁၀း၃၃ ၂ဝဝ၈

In: ကဗျာ Posted By: Date: May 18, 2010
Comment #1

အဲဒီ ကဗျာလေးကို အရမ်းချစ်၏
clapping ************** 777777777777777777777777777777777

commentinfo By: melodyphyO at May 22, 2010
Comment #2

သူကြီးရေအရမ်းကောင်းတယ်ဗျာ…။
ဒီကဗျာလေးကျွန်တော်ကြိုက်လို့ကူးသွားတယ်ဗျာ….။ခွင့်ပြုပါ…။ကျွန်တော့်ကဗျာတွေကိုလဲဝေဖန်ပေးပါဦး..။

commentinfo By: naynyo23 at Jun 12, 2010
Comment #3

ဆရာသမားကတော့ ၂၀၀၈ ခုနှစ် တော်တော် အချစ် သမားဖြစ်ခဲ့ပုံရတယ် ။ အခု ရင်ထဲကဖြစ်ပေါ်နေတဲ့
ကဗျာလေးတွေကိုလည်း မြင်ချင်နေမိတယ်…ဗျာ..။

commentinfo By: အငွေ့ at Jun 12, 2010
Comment #4

ကိုနေညို

အားပေးတဲ့အတွက် အထူးကျေးဇူးပါ။ ကျွန်တော့်အကို ကဗျာတွေ ဖတ်ပြီး comment ထားခဲ့ပါမယ်။ အကိုလည်း ကျွန်တော့်ကဗျာတွေ ဖတ်ပြီး ဝေဖန်ပါဦး။

ကိုအငွေ့

ကျွန်တော့်ကို တစ်ချို့လူတွေက အချစ်ကဗျာတွေ ရေးတာနည်းလို့တဲ့။ ကျွန်တော် dark theme ထဲမှာ အကုန်ရေးတယ်။ ပျော်ရွှင်စရာ ကဗျာတွေပဲ တစ်ပုဒ်မှမရှိတာ ဟီးဟီး ..။ အခုနောက်ဆုံးရေးထားတဲ့ ကဗျာ ကိုအငွေ့ မဖတ်ရသေးဘူးထင်တယ်။ ဒီမှာထားခဲ့တယ်ဗျာ …

https://www.poemscorner.com/post-type/myanmar-poems/2132

commentinfo By: သက်ထွေး at Jun 14, 2010
Comment #5

“လမ်းဆုံလေး”မှာလမ်းပြန်ဆုံနိုင်ပါစေ…ကိုသက်ထွေး

commentinfo By: သားခန့် at Jun 14, 2010
Comment #6

ဒီလမ်းဆုံလေးက
ကျွန်တော့်ရင်ခုန်သံ နှစ်ခြမ်း
ဖြာထွက် စူးရှသွားခဲ့တဲ့
ဝင်္ကပါ အိပ်မက်တစ်ခုပါပဲ …

နိုးထသေဆုံးတဲ့အထိ
လိုက်လို့ရှာနေခဲ့ဖူးတယ် ….

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #7

တစ်နေ့ဆုံမယ် မျှော်လင့်ချက်တို့နဲ့
ပြိုင်လာလိုက်ကြတာ …
ဆုံးမယ့်တစ်နေ့ဟာ …
ဆုံမယ့် တစ်နေ့ ဖြစ်မလာခဲ့ဘူး …
(Y)

commentinfo By: Wa Na at Apr 29, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment