ကျွန်တော်ချစ်ရသော သူမ
ချစ်ရသော သူမ
တိမ်စိုင်တွေ မျောလွင့်
အတွေးတစ်ချို့ လိုက်ပါခွင့်ရလေရဲ့
ကျေးဇူးတင်လိုက်တာ
ကောင်းကင်ကြီးရယ်
ပန်းချီအဆွဲ မတော်တဲ့
ကျွန်တော့်အတွက်
ကျွန်တော့်ချစ်သူပုံကို
ကောင်းကင်မှာ မြင်နိုင်အောင်
စီခြယ်ပေးတဲ့အတွက်လေ….။
ပြုံးလိုက်တိုင်း ပေါ်လာတဲ့
ပါးချိုင့်ကလေး
ရယ်လိုက်တိုင်း မြင်ရတဲ့
သွားတက်ကလေးတွေက
မင်းရဲ့ ဟန် မင်း ရဲ့ ပုံစံပါပဲ…..
ကျွန်တော်နှစ်သက်မိတာအမှန်ပေါ့…
လေပြေတွေက
မင်းဆံနွယ်တွေကို
သယ်သယ်ယူသွားတိုင်း
ကျွန်တော် မနာလို ဖြစ်မိတာလည်း
အမှန်ပဲ…..
ဖြူစင်တဲ့ ပုံစံ
ချိုလွင်တဲ့ အသံကလေးတွေက
ကျွန်တော် နှလုံးသားအား
အားဆေး မလို
ပိုမို လန်းဆန်းစေသည်……
ဘာကြောင့်များ
ဘုရားသခင် က
လူသားတွေကို
နှလုံးသားတစ်ခုစီ ပဲ ပေးရတာလဲဗျာ
ကျွန်တော် သူမကို
နှလုံးသားတစ်ခု တည်းနဲ့
ချစ်ရတာ မလုံလောက်လို့ပါ…..
တစ်ခါတစ်ခါ
နေ့ပိုင်းပဲ သူမအကြောင်းကို
တွေးရတာကို မပြည့်စုံ တဲ့အတွက်
ညတွေကို ပါ အကူအညီ ခေါ်မိတယ်…
ဒါမှ သူမ ကျွန်တော်ရဲ့ အတွေးထဲမှာ
အချိန်ပြည့်ရှိ နေနိုင်မှာပေါ့…
ဘယ်လို ပဲ ဖြစ်ဖြစ်
ကျွန်တော် ကျေနပ်သည်……..
တကယ်ပြောတာ
သူမကို ကျွန်တော် အကြီးကြီးချစ်သည်
သူမ သိသည်ဖြစ်စေ
မသိသည် ဖြစ်စေ
အဲ့ဒီလို ချစ်နေခွင် ကိုပေးတဲ့
ကံကြမ္မာကို
ကျွန်တော် မြတ်နိုးသည်…..
အချိန် တို့ရေ
၂၄ နာရီကနေ ကျော်နိုင်အောင်လုပ်ကြပါ
သူမ အကြောင်းကလေး ပိုတွေးချင်လို့ပါဗျ…………..။
Comment #2
တိမ်စိုင်တွေ မျောလွင့်
အတွေးတစ်ချို့ လိုက်ပါခွင့်ရလေရဲ့
ကျေးဇူးတင်လိုက်တာ
ကောင်းကင်ကြီးရယ်
ပန်းချီအဆွဲ မတော်တဲ့
ကျွန်တော့်အတွက်
ကျွန်တော့်ချစ်သူပုံကို
ကောင်းကင်မှာ မြင်နိုင်အောင်
စီခြယ်ပေးတဲ့အတွက်လေ….။
By: အသဲကွဲမိုး at Nov 16, 2011
Comment #3
kyun ma chit ya de thu,,,,
thu ko kyun ma a g g chit d.
he,,he
By: ei lay at Nov 17, 2011
Comment #4
တိမ်စိုင်တွေ မျောလွင့်
အတွေးတစ်ချို့ လိုက်ပါခွင့်ရလေရဲ့
ကျေးဇူးတင်လိုက်တာ
ကောင်းကင်ကြီးရယ်
ပန်းချီအဆွဲ မတော်တဲ့
ကျွန်တော့်အတွက်
ကျွန်တော့်ချစ်သူပုံကို
ကောင်းကင်မှာ မြင်နိုင်အောင်
စီခြယ်ပေးတဲ့အတွက်လေ….။ကြိုက်တယ်
By: Village chat kyi at Nov 17, 2011
Comment #5
ပြုံးလိုက်တိုင်း ပေါ်လာတဲ့
ပါးချိုင့်ကလေး
ရယ်လိုက်တိုင်း မြင်ရတဲ့
သွားတက်ကလေးတွေက
မင်းရဲ့ ဟန် မင်း ရဲ့ ပုံစံပါပဲ…..
ကျွန်တော်နှစ်သက်မိတာအမှန်ပေါ့…
(တိုက်ဆိုင်သွားပြီ) 🙂
By: ထူးဇော်ဝင်း at Dec 1, 2011
Comment #6
he,,he,,
nout 1 khar lar phat pyan p.
By: ei lay at Jan 31, 2012
Comment #7
be hna khar phat phat kyike done pe.
lone wa ko ma yoe twar bu,
By: ei lay at Jun 15, 2012
Comment #8
Sa kar lone a g g tway ne Tay aung tat nay par de byoe.
😛
By: ei lay at Nov 10, 2012




Comment #1
အချိန် တို့ရေ
၂၄ နာရီကနေ ကျော်နိုင်အောင်လုပ်ကြပါ
သူမ အကြောင်းကလေး ပိုတွေးချင်လို့ပါဗျ…………..။
ဟီး ကျွန်တော်တို့  အချိန်တွေ ပိုလေ စိတ် ညစ် လာလေပဲ ဗျ
သူကို လွမ်းရတာ မခံစား နိုင်တော့လို့ 