Professional Authors

အဆုံးသတ်ပါ

မေ ပျော်စေမဲ့ ဒါမှမဟုတ်
တောင်းဆိုမှုတွေကို
ရပ်တန့် ပေးမဲ့ 
အဆုံးသတ်လက်ဆောင်တစ်ခုပါ
အဆင်ပြေမယ်ဆို လက်ခံပေးပါ
ဒါမှမဟုတ် ချောင်ထိုးထားပေးပါ … ။

ကျွန်တော်တို့ နှစ်ယောက်က
ဆုံမှတ်မရှိတဲ့ ပြိုင်မျဉ်းမဟုတ်ပါဘူး
ရေပြင်ညီမျဉ်းနဲ့ ဆုံပြီး အတူဆက်ချင်နေတဲ့ 
ရိုက်လင်းတန်းတစ်ခုပါ
စိတ်မရှိပါနဲ့ ခင်ဗျာ
ကျွန်တော်ဘယ်တော့မှရိုက်ခတ်တော့မှာမဟုတ်ပါဘူး … ။

ကြယ်တွေကိုမရေနဲ့ တဲ့
ရူးသွားလိမ့်မယ်
ဟုတ်တယ် ဟုတ်တယ်
ကျွန်တော်လည်းခင်ဗျားကိုမချစ်ခဲ့သင့်ဘူး … ။
တိမ်တွေလိုပဲ
ပျော်ပျော်ပါးပါးနဲ့  နေခဲ့သင့်တယ် … ။

စိတ်ကူးနဲ့ ပျော်မြူး
အရထူးခဲ့ဖူးတာ
ကျေှးဇူးပါ မေ … ။

In: ကဗျာ Posted By: Date: Apr 30, 2013
Comment #1

^_^

commentinfo By: မေပျို at Apr 30, 2013
Comment #2

ဖတ်ရှုအားပေးသွားပါတယ်

commentinfo By: ap at May 1, 2013
Comment #3

မိုက်တယ်
မိုက်တယ်

commentinfo By: ei lay at May 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment