Professional Authors

အဆက်အစပ် မရှိ

ချစ်သူရယ် ပူနွေးနေတဲ့ ဒီရင်မှာ

မိုက်မဲခြင်းတွေရှိတယ်

ပေးဆပ်ခြင်းတွေ ရှိတယ်

မေးခွန်းပေါင်းများစွာနဲ့ မေးခဲ့လေတိုင်း

အဖြေတွေက တစ်ခု နဲ့ တစ်ခု

ကွာခြားနေခဲ့တယ်

ဒီနေ့ ဒီလိုတွေးတယ်

မနက်ဖြန် တစ်မျိုးတွေးတယ်

မေးခွန်းတွေနဲ့ အရပ်ပျက်နေတဲ့ အဖြစ်

ထူးထူးခြားခြား ပြစရာ မရှိ

သံယောဇဉ်နဲ့ ကြည့်တော့

အသလွတ် စိတ်နာလို့

ကိုယ်တိုင် နေညိုချိန်ကို မြင်နေရသလိုပဲ

အဲဒီ တံတားက ကူးခွင့် မရှိဘူးလား

သိခဲ့ရင် ဖြေပေးကြပါဗျာ

ခြေလှမ်း တစ်လှမ်း လှမ်းတိုင်း

နှစ်လမ်း နောက်ပြန် ဆုတ်နေရတယ်

အဲဒါ အဖြူရောင်ပါလို့

ဘယ်လို ယုံအောင်ပြောရလဲ

အဖြူရောင်ဆိုရင် ဒီဘက်ကို မလာနဲ့လို့ ပြောမလား?

ဒီဘက်မှာကော ငါတစ်ယောက်ထဲ ကျဆုံးနေရမှာလား?

ရပ်တန့်ထားတဲ့ သတိရခြင်းအောက်မှာ

ရှေ့သို့ နောက်သို့နဲ့

ချိတုန် ချတုန် အားအင်တွေ ယုတ်လျော့ကုန်တဲ့အထိ

ဘယ်စကားမှ အစပ်အဆက် မရှိ

မျှောချင်သလိုမျှော

တင်ချင်သလိုတင်

လေထဲမှာ စိတ်ကူးနဲ့ အိမ်ဆောက်

ညတွေဆို သူတို့ စိုးမိုးသလို

ဖြတ်သန်းနေရတာ

နံနက်ရောက်တော့လဲ

အလွမ်းကလွဲလို့ ဘာမှ မကျန်ဖြစ်

စည်းတစ်ချောင်းနင်းထားတဲ့ ဒါဏ်ရာပဲ

ရှင်သန်းရင်း

ကိုယ်ကိုကိုယ် အပြစ်တင်နေရတဲ့ အဖြစ်

ချစ်သူရဲ့ လေသာပြတင်းပေါက်

ရောက်သာရောက်ခဲ့တော့လဲ

မပွင့်တပွင့် စကားတွေနဲ့

လှည့်ပြန်ခဲ့ရပြန်တယ်

တကယ်ပါ ခံစားချက်တွေက

အစပ်အဆက်ကို မရှိတာ….

In: ကဗျာ Posted By: Date: Nov 14, 2011
Comment #1

အားပေးသွားပါတယ်

Comment #2

same to u.
same to u.

commentinfo By: ei lay at Nov 15, 2011
Comment #3

အားနာပါးနာ နဲ့ အားပေးတဲ့
ကိုလုလင် ရေ မအိလေး ရော …
ကျေးဇူးတင်ပါတယ်ဗျာ..
အဆက်စပ် မရှိလျောက်ရေးနေမိတာပါ
ကဗျာလို့ ပြောဖို့တောင် ရှက်လှပါတယ်
ကျေးဇူးပါပဲ…

commentinfo By: ဟန်သူအောင် at Nov 15, 2011
Comment #4

ma shat ne naw..
ei lay so bar hma ko ma yae tat bu.
khan sar nay ya tar tway ka byar phwe like dot a hmat ta ya le phyit de,,,sate hte hmar le pop twar de,,pha hu thu ta le ya de,a pan le pyay de…

commentinfo By: ei lay at Nov 15, 2011
Comment #5

Ray လည်းအားပေးသွားတယ်ဗျို့ ။

commentinfo By: X - ray at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment