Professional Authors

ပန်းတစ်ပွင့်နှင့် အကဲစမ်းခြင်း..

သဘာဝ တရား နှင့် အပြိုင်

ငါပြိုင်ရင် နိုင်ရမယ်လို့

အတွင်းစိတ်နဲ့ ကြိတ်မှိတ်ပြီး

ငါ .. ပန်းတစ်ပွင့်ကို ပြိုင်ခဲ့တယ် ……..။

 

ငါ့ မာန လက်နက်စစ်နဲ့

ဟန်ဆောင်ခြင်းတွေကို ကျဲချ

ဒီပြိုင်ပွဲမှာ ….

ငါပိုင်တဲ့ အတ္တတွေကို

ရှေ့တန်းတင်မိတယ်………..။

 

“ဟယ်” ပန်းကလေး …

သူအမြဲ ပြုံးတယ် ..

သူအမြဲလှတယ် …

သူအမြဲမွှေးတယ် …

ပြိုင်ဘက်ကင်းအောင် .. ဒါတွေနဲ့ .

သူတုံ့ပြန်တယ်…………….။

 

အဲ့ဒီ့    ပြိုင်ပွဲ

ဘယ်သူနိုင်မလဲ  တွေးကြည့်တယ် ..

ငါမြင်မိတယ်…

ငါ အမြဲ မွေးမြူ သွေးဆူခဲ့သည့်

ငါ့၏ အတ္တ မာန်မာနသည်လည်း

အချိန်တန်တော့ .. “မာ” ပြီး  “န” သွား

ဘယ်မှာ အစရှာရတော့မည်နည်း……….။။

 

ဟုတ်ပြီ…. အလှဂုဏ်ဆောင်

ပန်းကလေးသည်လည်း

ဘယ်ဆီဦးတည် တော်ဝန်နန်းဆန်စေကာမူ

ပန်းတို့၏ သဘော

ဖြစ်တည်ပျက်သုဉ်း သဘာဝနှုန်းအတိုင်း

ကြွေလွှင့်မည်သာ ဖြစ်တော့သည်………..။

 

အို… အမှန်လူသား ဒို့တွေများလည်း ..

သဘာဝကို လွန်ဆန်..

ဘယ်သူကြာကြာ အံတုနိုင်မလဲ

ဘဝတစ်ခု အတိုင်းအတာ တစ်ခု မှာ

ဖြစ်ခြင်း  ပျက်ခြင်း

ဆိတ်သုဉ်းခြင်းတွေ သည်သာ

အစဉ်လွှမ်းမိုးနေလိမ့် မည်… …

သြော် … ငါ ပြိုင်ဘက်ကင်း တွေးထင်မိခဲ့ လေခြင်း…………..။ ။ ။

 

Saturday,June.12,2010

ဘာနေ…..

In: ကဗျာ Posted By: Date: Jun 12, 2010
Comment #1

woww,,,,,,,,,,,,
human’s nature

commentinfo By: ei lay at Jan 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment