သို့……..ပိန်လိုက်ဖေါင်းလိုက်နဲ့မြောင်းမြမြို့
မြို့………..
့မြို့…………တည်တံခဲ့တာကြာပြီဖြစ်သော
ရာဇ၀င်အခိုင်အမာနဲ့မြို့
စိတ်ရူးပေါက်လို့ ငွေပုံအောလို့
မနေ့တစ်နေ့ကမှဖြစ်ပေါ်လာသောမြို့မဟုတ်တဲ့
ရာဇ၀င်လာအခိုင်အမာနဲ့မြို့
အဲ့ဒီမြို့လေးက
အုန်းပင်တွေအောက်မှာတိတ်ဆိတ်စွာတည်ရှိတယ်
ယိုင်နဲ့နဲ့ကြိုးတံတားတစ်ခုနဲ့
သင်လှမ်းကြည့်ပါ
မြို့ဧ။်အ၀င်မှာ
စေတီတစ်ဆူနဲ့
ရိုးရာမပျက်လယ်ကွင်းတွေဝိုင်းရံထားတယ်
ကုန်းတက်ကုန်းဆင်းနဲ့
ဆင်ခြေလျှောပြေပြေများ
အဆီပြန်နေတဲ့မျက်နှာတွေနဲ့
ဒယ်လေးခေါက်ဆွဲစားတဲ့မြို့က
ပွင့်လင်းမှုနဲ့ရိုးသားမှုတွေရှိတယ်
အဲ့ဒီမြို့မှာ
ဗညားနွဲ့ခေါင်းကွဲတယ်
အဲ့ဒီမြို့မှာ
ဦးဘချိုမွေးတယ်
အဲ့ဒီမြို့မှာ
သူရဲကောင်းတွေခေါင်းဖြတ်ခံခဲ့ရတယ်
အဲ့ဒီမြို့မှာ
ဒေါ်ချိုမုန့်ဟင်းခါးချက်တတ်ခဲ့တယ်
အဲ့ဒီမြို့မှာ
ကျွန်တော်မွေးတယ်
မြို့လေးမှာ
ပေါင်လယ်ယဉ်ကျေးမှုတွေနည်းပါးတယ်
စာကလေးအိမ်ရာမရှိတဲ့မြို့လေးမှာ
ရပ်ဆွေရပ်မျိုးယဉ်ကျေးမှုနဲ့
ရိုင်းပင်းတတ်ခြင်းတွေကျန်သေးတယ်
မြို့လေးမှာ
လူတွေရှိသေးတယ်..။
“ပိန်လိုက်ဖေါင်းလိုက်နဲ့ပဲ နှစ်တွေကိုအံပြန်တုရင်း မြို့လေးရှိနေတယ်…….။”
မောင်မြတ်သူ
Comment #2
အားပေးသွားပါတယ်.
(မှတ်ချက်။ မြောင်းမြမုန့်ဟင်းခါးတော့အကြိုက်ဆုံးပဲ)
By: May Kha at Feb 14, 2012
Comment #4
အဲဒီမြို့လေးမှာ ကျွန်မချစ်တဲ့ ကျွန်မကိုလည်းအရမ်းချစ်တဲ့ ချစ်သူလေးမွေးခဲ့တယ်…
By: angel at Feb 15, 2012
Comment #6
Thanks………:)
By: angel at Feb 15, 2012




Comment #1
မြောင်းမြမြို့လေးကို မျက်ဝါးထင်ထင်တွေ့လိုက်ရသလိုကဗျာအရေးအသားက အသက်ဝင်တယ်
ဒီလောက်ဘဲ ကျွန်တော့ခေါင်းကမှီတယ်ဗျာ
ခံစားအားပေးသွားပါတယ် ။