Professional Authors

လမင်း (ဒေါက်တာသန်းထွန်း)

အဝေးကို ကြည့်ပါ၊
အနီးကို ကြည့်ပါ၊
ဒီ လမင်းပဲ ဒဂုံမှာ။ ။

ဒီနေ့ မနက်က အစောကြီး၊ အရုဏ်တောင် မတက်သေးဘူးထင်တယ်၊ အိမ်ခန်းထဲကို မှန်ပြူတင်းက ထိုးဝင်လာတဲ့ လရောင်ကိုမြင်ပြီး သူဟာ စာရေးဆရာမဟုတ်ဘူးလို့ ငြင်းခဲ့တဲ့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းရဲ့ ကဗျာတိုလေးတပုဒ်ကို အမှတ်ရမိလိုက်တယ်။

ဘယ်တုန်းက ဘယ်မှာစပ်မိတယ် မသိပေမဲ့ အခု စင်္ကာပူက လှမ်းမြင်နေရတာလဲ ဒီလမင်းကြီးပဲ၊ မြန်မာပြည်က လှမ်းမြင်နေရမှာလဲ ဒီလမင်းကြီးပဲ ဆိုတာ မှန်လိုက်တာလို့ စိတ်ထဲဖြစ်မိသွားတယ်။

ကဗျာနာမည်တော့ မပေးထားဘူး၊ ဒီ ‘လမင်း’ဆိုတာ ကျွန်တော်ပေးလိုက်တာပါ။

 

ဒေါက်တာသန်းထွန်း ကဗျာလေးတင်ရင်းနဲ့ သူရေးခဲ့တဲ့ ဒီတပုဒ်ပါ တင်လိုက်တော့မယ်ဗျာ။ လပြည့်နဲ့တော့ မဆိုင်ပေမဲ့ တချီတည်း ပြီးသွားအောင်

ဥဩသံ ကြားရပါရဲ့
ငှက်ကို မမြင်ရ၊
သူက မပုန်းပေမယ့်
သစ်ရွက်က ဖုံးထားတယ်။ ။

In: ကဗျာ Posted By: Date: Nov 10, 2011
Comment #1

ဥဩသံ ကြားရပါရဲ့
ငှက်ကို မမြင်ရ၊
သူက မပုန်းပေမယ့်
သစ်ရွက်က ဖုံးထားတယ်။ ။

commentinfo By: May Kha at Jan 24, 2012
Comment #2

so nice

commentinfo By: ei lay at Mar 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment