Professional Authors

ထပ်တူထပ်မျှ ခံစားပေးပါ

ရုတ်တရက် ဆိုတာက
လုပ်ရက်တဲ့လူတွေပဲလုပ်တာ..၊
အမှတ်တရ ဆိုတာက
ဖြတ်လို့မရတဲ့အရာတွေ..၊
ဒီနေ နဲ့ ဒီလမင်း တောင်မှ
ငါ့ရဲ့သူငယ်ချင်းတွေဖြစ်ကုန်ပြီ..။

ဘဝဆိုတာက
အက္ခရာ နှစ်လုံးတည်းရယ်
သံသရာက ကျယ်တယ်.၊
နင်ကရက်စက်တယ်.၊
ငါက သိပ်ချစ်တယ်..၊
ဘယ်ဟာက အမှန်တရားလဲ…။

ကြယ်ကြွေတဲ့ ညတွေကတော့ မနည်း
နင်ပဲပြောခဲ့တယ်လေ..၊
“ညီမလေးကိုသတိရရင်
ကြယ်လေးတွေကိုကြည့်ပါတဲ့”..၊
ငါကြည့်ခဲ့ရလွန်းလို့..
ကြယ်တွေတောင်ငါ့ကို အကုန်သိနေပြီ..။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Aug 7, 2011
Comment #1

ဘဝဆိုတာက
အက္ခရာ နှစ်လုံးတည်းရယ်
သံသရာက ကျယ်တယ်.၊
နင်ကရက်စက်တယ်.၊
ငါက သိပ်ချစ်တယ်..၊
ဘယ်ဟာက အမှန်တရားလဲ…။
စာသားလေးမိုက်တယ်ဗျအားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 7, 2011
Comment #2

inn lay.
hote pa.
bar hma le htoo ma lar par bu.

commentinfo By: ei lay at Aug 7, 2011
Comment #3

ကောင်းပါ့ဗျာ..အားပေးလျှက်

commentinfo By: အသဲကွဲမိုး at Aug 7, 2011
Comment #4

“ညီမလေးကိုသတိရရင်
ကြယ်လေးတွေကိုကြည့်ပါတဲ့”..၊
ငါကြည့်ခဲ့ရလွန်းလို့..
ကြယ်တွေတောင်ငါ့ကို အကုန်သိနေပြီ..။
ကောင်းတယ် အရမ်း မိုက်တယ်..

Comment #5

ငါကြည့်ခဲ့ရလွန်းလို့..
ကြယ်တွေတောင်ငါ့ကို အကုန်သိနေပြီ..။
တိုက်ဆိုင်လို့ အားပေးသွားပါတယ် 🙂

commentinfo By: Po Po Zin at Aug 7, 2011
Comment #6

ကြယ်တွေတောင် သိကုန်ပြီတဲ့လားဗျ……
အားပေးသွားပါတယ်ဗျာ။

commentinfo By: moehtetaung18 at Aug 8, 2011
Comment #7

အိုး …လန်ထွက်နေတာပဲ ..
ဆက်လုပ်အကိုရေ … လူဆိုးအားပေးသွားတယ်ဗျ … 😛

commentinfo By: chityellusoelay at Aug 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment