Professional Authors

စိတ်အလွန်

သေးသေးတင်မခံချင်တဲ့စိတ်
မာန် ဆိုတဲ့ကျောက်သားနှလုံးသားပေါ်
ထုထွင်းထားဆဲ ငါ့စိတ်..
တမြေ့မြေ့လှိုက်စားနေတဲ့ ကင်ဆာဆဲလ်သစ်.
တင်းကြပ်ကြိတ်မှိတ်ဇွတ်မျိုချတဲ့ ချစ်စိတ်
လမင်းနဲ့ ကြယ်တစ်သောင်း ၊ ကခုန်တဲံ့ခါ
ကျောက်နှလုံး သားကတင်းမခံနိုင်တော့တာ..
ဝေးလွှင့်ဆဲအိပ်မက်တွေပေါ် ယုံကြည်နေဆဲ..
မျိုးမတူတဲ့သံလိုက်စွန်းနှစ်ခု တွန်းကန်မသွားအောင်
မျိုးမတူသံလိုက်စွန်းနှစ်ခုကို ဆွဲအားဖြစ်ပေါ်အောင်
ဖော်မြူလာတွေကိုညမိုက်မိုက်မှာပြန်ပြောင်းဆွဲနေမိတယ်..
မမြင်မဆန်းအမြင်အောက်မှာ နှလုံးသားကျိန်ဆာတိုက်ရင်းပေါ့…

In: ကဗျာ Posted By: Date: Nov 8, 2011
Comment #1

မိုက်၏ ..

“ဖော်မြူလာတွေကိုညမိုက်မိုက်မှာပြန်ပြောင်းဆွဲနေမိတယ်..”

မနက်ဘက်မှာကော ဆွဲလို့ မရဘူးလား..(မသိလို့ နော်..)ဟိဟိ

commentinfo By: Arker at Nov 8, 2011
Comment #2

လုလင် အားပေးသွားသည်

Comment #3

မမေခ..အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 9, 2011
Comment #4

မေခရဲ့
အတွေးတွေက ရောင့်ယက်ခတ်နေတယ်ထင်တယ် မာနလဲ ကြီးမယ်ထင်တယ် ဘာကြောင့်ဆို သူက အချစ်နဲ့ ပါတ်သက်ရင် ဒီလိုလေ (သေးသေးတင်မခံချင်တဲ့စိတ်
မာန် ဆိုတဲ့ကျောက်သားနှလုံးသားပေါ်
ထုထွင်းထားဆဲ ငါ့စိတ်..}တဲ့ နောက်ပြီး ဖော်ပြူလာဆိုလား လား ဘာလား
ညမိုက်ညမှာ (လူမသိသူမသိ)ရှေ့နောက် ဆွဲးနေတယ်ဆိုတော့ ငါတော့ ထင်မိတယ်
ဒါ ပေါ်လိုက် ငုပ်လိုက် ဖြစ်တဲ့ ပေါ်ပြူလာဘဲဖြစ်မယ်လို့ ဟဲ ဟဲ စတာ
တကယ်ဖတ်လို့ကောင်းတယ်ကဗျာပါ စာအုပ်တွေ အရမ်းဖတ်တယ်ထင်တယ် ကဗျာဆ၇ာတွေဆိုတာ စာဖတ်များမှ နောက်ကိုလဲ စောင့်မျှော်နေမယ်ဗျို့

commentinfo By: silly at Nov 28, 2011
Comment #5

ကျေူးဇူးတင်ပါတယ် Silly…….. အစ်မကမာန ဆိုတဲ့ဝေါဟာရနဲ့စိမ်းနေတဲ့သူပါ..

commentinfo By: May Kha at Dec 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment