Professional Authors

ပြောပေးကြပါ

ရူးသွပ်တဲ့နေ့
ရူးသွပ်တဲ့ည
ပျော်ရွှင်ခဲ့တဲ့
နင်နဲ့ငါဟာ……..
အမုန်းမဖက်
အပြုံးစွက်ပြီး
မျှော်လင်းခြင့်ပွေ့
ကြင်နာခြင်းတွေက
ရင်ဘက်တွေနဲ့
ပြည့်လျှက်ပေါ့…………..။

နားလည်ပြီလို့
ထင်တဲ့ငါအခုတော့
အထင် နဲ့ အမြင်လွဲ
နင့်ဘက်ကတော့
မှားရော့ထင်
ငါ့မှာ ဖြေရှင်းချက်
အသက်မဲ့
အခု တော့
ဝေးလွင့် အိပ်မက်
မက်ခဲ့တဲ့ ဆောင်းည
ငါ နိုးထချင်ပြီ……….။

ပျော်ခဲ့တာ တို့နှစ်ယောက်
ချစ်ခဲ့တာ တို့နှစ်ယောက်
ဘာကြောင့် ငါ့စကားကို မယုံတာလဲ
သူတို့ က အပြောကောင်းတာ

အကောင်းပြောတာမဟုတ်ဘူးလေ…….

ငါလည်းသိ
နင်လည်းသိရဲ့နဲ့
ကံကြမ္မာရဲ့ လှည့်ကွက်
ငါ့အသည်းနှလုံး
ညက်ပါသွားမယ်လို့
လုံးလုံးမှ ထင်မထားတဲ့ငါ
နတ်ပြည် မှဆင်း
ငရဲ ပြည် ကို
အခုငါ ကျဆင်းလေပြီ…………။

ပျော်ရွှင်ခြင်းတို့ပျောက်ပြီး
ဝေးလွင့်ခြင်းလမ်းတွေမှာလျှောက်ရင်း
ငါ တစ်ယောက်တည်း
တစစီ ဖြစ်နေတဲ့
အသည်းကြွေတွေကောက်ရင်း
နီးရာ ကားနဲ့ မင်း ဆီကို
ပြန်လာချင်သေးပါတယ်
ဒါတွေ ဟာ အမှားတွေ
သံသရတွေဆိုတာသိပြီး
မင်းနားလည်နိုင်မယ်ဆိုရင်ပေါ့
မင်းငါ့ကို ချစ်သေးတယ် ဆိုရင်ပေါ့
မင်းငါ့အိပ်မက်တွေ မြင်နိုင်မယ်ဆိုရင်ပေါ့
မင်း ဒီ ကဗျာ ကို ဖတ်ဖြစ်မယ်ဆိုရင်ပေါ့………။

In: ကဗျာ Posted By: Date: Dec 15, 2011
Comment #1

ကောင်းတယ်ဗျာ ဒီကဗျာ ဒီစာသားလေးတွေအ၇မ်းကြိုက်တယ်ဗျာ

commentinfo By: Village chat kyi at Dec 15, 2011
Comment #2

pratical is better than thoughts.

commentinfo By: ei lay at Dec 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment