Professional Authors

မုသားများနဲ့ ဘဝ

လမ်း
လျှောက်ရပေါင်းများလို.
ငါ.ခြေလည်း တိုနေပါပြီ
သူလို ကိုလို ပြောကြတဲ့
လမ်းဆုံးရင် ရွာတွေ.မယ်ဆိုတဲ့စကား
မှားတယ်လို. ငါထင်တယ်

လက်ခံတယ် လက်မခံဘူး
သေတော.မသေချာပါဘူး
အိပ်မက်တွေချည်းပဲချချပြတတ်တော.
ငါ.နွေဦးလည်း
လေရူးချည်းပဲတိုက်နေတယ်

ထားရာနေ စေရာသွား
တစ်ခါတစ်ခါကျတော.လည်း
ကျောခင်းဖို.တစ်နေရာစာရတောင်
ကျေနပ်နေတဲ့သူ
ပတ်ဝန်းကျင်ကောင်းပေမဲ့
သူ.အရောင်နဲ့တော.
    ငါ.    ပါး
  မပြောင်ခဲ့ဘူး

စိတ်ကူးတွေကိုလည်း
ရိုက်ချီုးပစ်ခဲ့ဖူးတယ်
အိပ်မက်တွေကိုလည်း
ဝါးမျိုခဲ့ဖူးတယ်
အဆုံး   ဘ၀ကိုလည်း
……………………..
နာကြည်းခြင်းဆိုတာ
ငါ.ရင်ဘတ်မှာ
တံဆိပ် တစ်ခုလို
ရှိနေတယ်။

အိပ်မက်ရယ် စိတ်ကူးရယ်
  ပွေ.ဖက်
တစ်ယောက်တည်းရူးခဲ့ရတဲ့
ညတွေလည်းများပြီ

ခေါက်ရိုးကျီုးနေ.တွေထဲ
စိတ်ကူးလေးတွေ မျှောချ
ရို.ရို.ကျီုးကျီုး  နေတတ်ခဲ့ပါပြီ
ဘ၀  ဆိုတာ
တကယ်တော.
……………………………………………

လူ ရယ် လမ်း ရယ်
နေ ရောင် အောက် မှာ
ပွေ. လို. ဖက် လို.
ရွံ. မုန်း တဲ့ အ ကြည်. တွေ ကို ကျော ခိုင်း
ဒီ အ တိုင်း ငါ လျှောက် လှမ်း လာ ခဲ့ တယ်
ဘ ၀ ဆို တာ တစ် ခါ တစ် ခါ မှာ
မု သား ကျ ကျ ကျော် ဖြတ် ရတယ် တဲ့
ငါ. အိပ် မက် က ငါ. ကို ပြော တယ်
ဘာ ရွေး မ လဲ
၁။ …………………….
၂။ …………………….
၃။ …………………….
အား လုံး ကို ကျော ခိုင်း ခဲ့ ပါတယ်
အ တိတ် တွေ ကို ခွါ ချ
ငါ. နံ ရံ မှာ အ ဖြူ ရောင် ဆေး ပဲ
ထပ် ခြယ် မယ်
အ ရှေ. မြို. ရိုး မှာ ဘာ တွေ ဖြစ် ဖြစ် ပေါ.
                                                       ridd

In: ကဗျာ Posted By: Date: Nov 8, 2011
Comment #1

စာလုံးသုံးထားတာတွေလည်း..ကောင်းတယ်ဗျ။
riddရေးတဲ့ကဗျာတွေ..ကောင်းတယ်အားပေးနေပါတယ်။

commentinfo By: poem.poem28 at Nov 8, 2011
Comment #2

ကျောခင်းဖို.တစ်နေရာစာရတောင်
ကျေနပ်နေတဲ့သူ
ပတ်ဝန်းကျင်ကောင်းပေမဲ့
သူ.အရောင်နဲ့တော.
ငါ. ပါး
မပြောင်ခဲ့ဘူး ( အားပေးသွားတယ်နော်)

commentinfo By: May Kha at Nov 8, 2011
Comment #3

လုလင် အားပေးသွားပါတယ်
စကားလုံးတွေ သုံးထားတာ ကောင်းတယ်ဗျာ

Comment #4

ခေါက်ရိုးကျီုးနေ.တွေထဲ
စိတ်ကူးလေးတွေ မျှောချ
ရို.ရို.ကျီုးကျီုး နေတတ်ခဲ့ပါပြီ

ဘ၀ဆိုတာ…

commentinfo By: poohmay at Mar 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment