နင်လေ သတိရခြင်းများနဲ့
နင်ပြန်လာပါ
အိန်ဂျယ်ရယ်
အတောင်ပံတွေ ဖြန့်ပြီး
ငါ့ဆီ အမြန်ပျံသန်းလာခဲ့ပါတော့
ညနက်နက် အတွေးတစ်ခု
အဆုံးမသတ်နိုင်ဘဲ မနက်အာရုံလင်းထိ
အဲဒါမင်းအကြောင်းတွေပဲ ဖြစ်မယ်။
ဝေးခဲ့ရပြီး ကျန်ရစ်တဲ့
မင်းအငွေ့အသက်တို့
ဒီရင်မှာ အခုထက်ထိ
ရှူ ရှိုက်နေရတုန်း
နင့်အကြောင်းတွေးမိတိုင်းလည်း
အရင်အတိုင်းပဲ နင့်ကို ငါချစ်နေဆဲဆိုတာ
ပိုသေချာလာတယ်။
တစ်နေ့ပြီး တစ်နေ့ ရက်တွေသာကုန်လွန်
အချိန်တွေက လည်ပတ်မြဲ
ဒီရင်မှာ မင်းပဲ နေရာယူဆဲ
တစ်နေ့တော့ တစ်နေ့ပေါ့
ငါတို့ ပြန်ဆုံမယ် မျှော်လင့်လျှက်ပေါ့
မမေ့သေးတဲ့ (နင့်နုတ်ခမ်းထက်မှ ကြွေကျတဲ့ စကားလုံးများ)
အခုထိ မှတ်မိဆဲ
အမြဲ
သတိရဆဲ
နင်လေ
သတိရခြင်းများနဲ့
မမေ့သေးရင်
ပြန်လာပါ…..
Comment #2
good…..တယ်ဗျာ..
By: poem.poem28 at Jan 24, 2012
Comment #3
3 minutes pe saunt,,,,,,,,,,,,,
khu pyan lar p naw…
he,,he,,
By: ei lay at Jan 24, 2012
Comment #4
ပြန်လာပါစေ..ဆုတောင်းရင်း နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ
By: အသဲကွဲမိုး at Jan 25, 2012
Comment #5
ဟိုင်း.. ဘေဘီ
နင်ဘယ်မှာလဲ
၃မိနစ်တည်းလား ငါ့မှာဖြင့် ၃နှစ်ကြာပြီထင် 😀
တော်ပြီ နင်ပြောတဲ့ နောက်ဆုံးမိနစ်ထိ
ငါ ရိုးသားစွာ စောင့်မျှော်နေပါ့မယ်
အားပေးတဲ့ ကျွန်တော့် သူငယ်ချင်းများအားလုံး
ကျေးဇူးတင်ပါတယ်။ အားလုံး ကျန်းမာ ချမ်းသာ
လိုအင်ဆန္ဒပြည့်ဝပါစေ….. ။
သူငယ်ချင်းတို့ရဲ့ အားပေးစကားတစ်ခွန်းဟာ ကျွန်တော့်အတွက်
အားဆေးပါ။
By: gadounlay at Jan 25, 2012
Comment #7
he,,he,,
have a trip for chinese new year,
just arrived.
miss so much?
1 ke pyaw nay dar naw,ma nout ya bu,,,
a yoe tar sone win khan tar,,
a yan kaung de poem lay loh.
By: ei lay at Jan 27, 2012




Comment #1
အားပေးသွားပါတယ်နော်။