Professional Authors

“သူမရဲ့ အချစ်”

“သူမရဲ့ အချစ်”

ကျွန်တော့်မှာ မီ ဆိုတဲ့ ချစ်သူ ကောင်မလေးတစ်ယောက်ရှိခဲ့ဖူးတယ်။ မီ့ကို
ကျွန်တော် သိပ်ချစ်တာဗျ….။ ကဗျုဆန်ဆန်လည်းချစ်တယ်လို့လည်း
ပြောလို့ရတယ်….။ မီ ဘာလိုအပ်လဲ ကျွန်တော် အစွမ်းရှိသလောက် ကြိုးစား
ဖြည့်ဆည်းပေးခဲ့ဖူးတယ်….။ မီက သကြားလုံးတို့ ချောကလက်တို့ဆိုရင်
သိပ်ကြိုက်ပဲ……မီ့အကြိုက်ကို သိတဲ့ ကျွန်တော် မီနှစ်သက်တဲ့ သကြားလုံးနဲ့
ချောကလက်လေးတွေကို ဖန်ဗူးလှလှ လေးတွေထဲထည့်ပြီး လက်ဆောင်အဖြစ်
ပေးခဲ့ဖူးတယ်……။ ကျွန်တော်က ကားပစ္စည်းအရောင်းဆိုင်တစ်ခုမှာ
အလုပ်လုပ်တယ်…။ ဒါကြောင့် ၀င်ငွေကတော့ များများစားစားမရှိဘူးပေါ့လေ….။
ဒါပေမယ့် ကျွန်တော်ရတဲ့ လစာနဲ့ ကျွန်တော့်
အသုံးစရိတ်လောက်ပါတယ်…..မီ့အတွ

က် အမှတ်တရလေးပစ္စည်းလေးတွေ ၀ယ်ပေးချင်ရင်
ကျွန်တော် အလုပ်ပိုကြိုးစားလုပ်တယ်…..နောက် မီနဲ့ ကျွန်တော့်ရဲ့
အနာဂတ်အတွက် ရှင်သန်ရမယ့်ဘ၀ပုံစံလေးအတွက်လည်း ငွေတွေကြိုစုဖို့
အချိန်ပိုင်း အလုပ်လေးတစ်ခုတောင် မီ့ကို အသိမပေးဘဲ လုပ်ဖြစ်နေပြီ….။
ကျွန်တော်က လူတစ်မျိုးဗျ…ရရာဘ၀ကို ရောင့်ရဲနေတတ်တဲ့လူလေ….ကျွန်တော့်အဖိုး
ဆုံးမခဲ့ဖူးတဲ့ စကား(၂)ခွန်းထဲက ကိုယ်ရတာနဲ့ ရောင့်ရဲနေတတ်ရင်
စိတ်ချမ်းသာတယ် မြေးရဲ့ ဆိုတဲ့ စကားအတိုင်း ကျွန်တော် ကျင့်သုံးခဲ့တာ…..။
အဲဒီ့စကားက ကျွန်တော့် ဘ၀ကို တကယ်လည်းငြိမ်းချမ်းစေတယ်လေ….။ နောက်ထပ်
ဆုံးမတဲ့ စကားတစ်ခွန်းကတော့ မေ့တေ့တေ့ပါပဲ……။မှတ်တောင် မမှတ်မိတော့ဘူး….။
ကျွန်တော့်မှာ သိပ်ချစ်ရတဲ့ ချစ်သူလေးရှိတယ်…..။ လစဉ်ဝင်ငွေရနိုင်မယ့်
အလုပ်လေးရှိတယ်……။ ဘာများလိုအပ်သေးလို့လဲ……?
ကျွန်တော်က အဲဒီ့အချိန်တွေတုန်းက ကျွန်တော့်ဘ၀ကို ကျွန်တော်
သိပ်ကျေနပ်နေတဲ့ ကောင်ပေါ့ဗျာ…..။

ဒါပေမယ့် ကျွန်တော့် ဘ၀မှာ စိတ်ချမ်းသာခြင်းတွေ
ကြာကြာမနေနိုင်ဘူးထင်တယ်……။ ကျွန်တော်နဲ့ မီရဲ့ ချစ်သူသက်တမ်း ၂ နှစ်နဲ့
၎ လမှာ မီက ကျွန်တော့်ကို လမ်းခွဲစကားဆိုလာပါတယ်……။
မှတ်မိနေပါသေးတယ်…….
ဘာလို့လဲ မီရယ် ဆိုတဲ့ ကျွန်တော့်အမေးကို မီ ဖြေသွားပုံလေးက
ရိုးရိုးလေးပါပဲ….“မောင် မီကလေ မောင့်ကို ချစ်တယ်……မီတို့တွဲလာတာ ၃
နှစ်ကျော်ပီ မောင့်ဆီမှာ မီလိုချင်တဲ့ အရည်အချင်းတွေမရှိဘူး…..
မောင့်အလုပ်နဲ့ မောင် မီ့ကို ဘယ်လို ပြည့်ပြည့်စုံစုံထားနိုင်မှာလဲ……
မီတို့ အနာဂတ်အတွက်ရော မောင့် အစီအစဉ်က ဘာများလဲ…..။ မောင့်ကို မီ
ဘယ်လိုလုပ်ပြီး လက်တွဲလို့ရပါ့မလဲ…..” လို့ မီ ဖြေခဲ့ဖူးတယ်…..။
(တကယ် ပြောရက်ခဲ့တဲ့ မီပါပဲ…..ပြောထွက်ရက်တာကို ကျွန်တော်က အံ့သြတာ…..)
“မီရယ် မီပြောကြည့်စမ်းပါ မီလိုချင်တယ်ဆိုတဲ့ ဘ၀ပုံစံ မီ ဖြစ်စေချင်တဲ့
မောင်တို့ရဲ့ အနာဂတ်…..မီ ပြောလိုက်ပါ……ဒီကကောင်က မောရမှန်းမသိဘဲ
ဘာပဲဖြစ်ဖြစ် မဖြစ်ဖြစ်အောင် ကြိုးစားဖန်တီးပေးမယ့် ကောင်ပါ ….။
ဘယ်လောက်ပဲ ကြီးမားနေပါစေ မောင် ယောင်္ကျားပါ မီ….. ဘ၀ပေးကြောင့်
ချက်ချင်းမဖြစ်နိုင်တာပဲရှိမယ်…….အပတ်တကုတ်ခြစ်ကုတ်ယူရင်
ဖြစ်လာမှာပေါ့………”
(ဟုတ်တယ် ကျွန်တော် ဒီလိုတွေ မီ့ကို ပြောခဲ့ဖူးတယ်……။)
မီကတော့ ကျွန်တော့် စကားတွေကို မယုံကြည်သလို မျက်နှာပေးမျိုးနဲ့
မဲ့ပြုံးတွေထုဆစ်ရင်း တုံ့ပြန်ရုံကလွဲပြီး နှုတ်ဆိတ်လျှက် အဝေးကို
ငေးကြည့်နေတယ်…….။ (မီ့ရဲ့ သက်ပြင်းရှည် တစ်ချက်ဟာ ကျွန်တော့်အတွက်ရဲ့
ခံစားချက်တွေကို တစစီလှိုက်စားနေခဲ့ကြတာလည်း ကျွန်တော် ခုထိ
မေ့လို့မရနိုင်သေးပါဘူး……။)
နောက်တော့ မီ ကျွန်တော့်ရှေ့က ထွက်ခွာဖို့ ခြေလှမ်းပြင်ခဲ့တယ်……။
ကျွန်တော်အသက်လောက်ချစ်ခဲ့ရတဲ့ မိန်းကလေးမို့ ကျွန်တော့်မြင်ကွင်းထဲက
ထာဝရပျောက်ကွယ်သွားမှာ စိုးကြောက်စွာနဲ့ ကျွန်တော် မီ့လက်ကောက်ဝတ်လေးကို
အားကိုးတကြီး ဆုတ်ကိုင်ဟန့်တားခဲ့ဖူးတယ်…..။ ကျွန်တော့်ရဲ့ ခုလို
အထိအတွေ့ကြောင့် မီ ရပ်တန့်ရင်း စကားတစ်ခွန်းကို
တိုးညှင်းလေးဖင့်စွာပြောလာပါတယ်…..
“မီ့အိမ်က သဘောတူထားတဲ့ လူနဲ့ မီလက်ထပ်ရတော့မယ် မောင်
လက်ထပ်ပြီးရင် သူ အလုပ်လုပ်တဲ့ စင်္ကာပူမှာ မီလိုက်နေဖြစ်မယ်…..။
မီ သူ့ကို ဘာလို့ ရွေးချယ်ခဲ့တယ်ဆိုတာ မောင် သဘောပေါက်လာမှာပါ…….မီ
သူ့ကို လက်ခံသင့်တယ် မဟုတ်ဘူးလား မောင် …..” ထို စကားသံအဆုံးမှာ
မီ့လက်ကောက်ဝတ်က ကျွန်တော့်လက်ချောင်းတွေ ပြေလျှော့ရင်း လေဟာနယ်ထဲ
နေသားမကျစွာ တည်ရှိသွားခဲ့တယ်…..။ မီ့ရဲ့ ဆိုလိုရင်းကို
သိတဲ့အခါ…..ကျွန်တော့် မီ့ကို တားပိုင်ခွင့် မရှိဘူးဆိုတာ ကျွန်တော်
နားလည်မိတယ်…..။ မတားလည်း မတားချင်တော့ပါဘူး…….ဒီလို လမ်းခွဲမှုမျိုးအတွက်
ကျွန်တော် ၀မ်းနည်းနေလို့လည်း အပိုပဲလေ……။
ကျွန်တော့် မီ့ကို ထွက်သွားခွင့်ပေးလိုက်ပါတယ်…..။ အဲ့ဒီ့နေ့က မီ့ရဲ့ 
ကျောပြင်ကို ငေးစိုက်ကြည့်ရင်း…..
ကျွန်တော် တစ်ကိုယ်ကြား စကားတွေ များစွာ ပြောခဲ့ဖူးတယ်…..။
ကျွန်တော့်ကို သူမက ဒီလို ပုံစံမျိုးနဲ့ပဲ ထာဝရရှင်သန်သွားလိမ့်မယ်လို့
ယူဆထားတဲ့ မီ့ကို……ကျွန်တော် စိတ်ထဲကနေ အော်ပြောလိုက်မိပါတဲ့ စကားက
“မီ……မင်း အခုလို ပြောခဲ့တဲ့ စကားတွေကြောင့် ငါ ဘာကောင်လဲဆိုတာကို
မင်းရော မင်းမိဘတွေပါ တစ်နေ့သိလာစေရမယ်……”

ဘာလဲဗျ အချစ်ဆိုတာ ခုပဲကြည့်လေ….မောင့်ကို သိပ်ချစ်တယ် လို့
တတွတ်တွတ်ပြောခဲ့တဲ့  မီ ကျွန်တော့်ကို ပစ်ပစ်ခါခါကြီး
ခွဲသွားပြီ…..။ဘာတဲ့ သူမက ပြောသွားသေးတယ် ကျွန်တော့်မှာ သူလိုချင်တဲ့
အရည်အချင်းတွေ မရှိဘူးဆိုပဲ….ဟား ရယ်ရတယ်နော် ကြည့်ကြသေးတာပေါ့ မီရာ
မင်းက ငါ့ကို အထင်သေးတာပဲ ငါ့မှာ ယောင်္ကျားမာနရှိတယ် မီရ……မင်း
ငါ့အကြောင်းကို သိခဲ့တာ အရင်ကပဲ ဖြစ်လိမ့်မယ်…..အခု ငါဟာ မင်း
သတ်မှတ်ထားတဲ့ ယောင်္ကျားတစ်ယောက် ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ဘူးမီ ဟု
ကိုယ့်ကိုယ်တိုင် ပြောရင်း …..ယောင်္ကျားတန်မဲ့ မျက်ရည်ကြားက
ဆုံးဖြတ်ချက်တွေ ပြောင်းလဲခဲ့သေးတယ်…..။
ခုမှပဲ ကျွန်တော့် အဖိုး ပြောခဲ့ဖူးတဲ့ နောက်ထပ်ဆုံးမစကားကို သတိရသွားမိတယ်……
တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်တဲ့…….။
ကျွန်တော်ဖြစ်ချင်တာ သမ္မာအာဇီဝ ကျကျ ချမ်းသားချင်တယ်…..။
ချမ်းသာမယ်ဆိုရင် ပြီးရော ဥပဒေနဲ့လွတ်ကင်းတာမှန်သမျှ ကျွန်တော်
အကုန်လုပ်မှာပဲ…..။ အခုလုပ်နေတဲ့ အလုပ်အကြောင်းကို အတွင်းကျကျ
ပိုသိလာအောင်လေ့လာပြီး ကျွန်တော် Car Show Room တစ်ခုမှာ
အလုပ်ဝင်လုပ်ခဲ့တယ်…..။ အလုပ်ပြီးရင် အလုပ်ပဲလို့ စိတ်ထဲမှာ
နှစ်ထားတဲ့ကျွန်တော် ကြိုးစားမှုရဲ့ အသီးအပွင့်တွေကို စံစားရဖို့
မလွဲဧကန်ပါပဲ……။အဲ့ဒီ့အလုပ်မှာပဲ ၂ နှစ်လောက်ကြာတော့ ကျွန်တော်
Supervisor ဖြစ်လာခဲ့တယ်……။ မီရေ ငါ Supervisor ဖြစ်နေပြီကွ လို့
ပြေးကြွားလိုက်ချင်ပေမယ့် သေချာတာကတော့ ကျွန်တော့် ဒီရာထူးလောက်ကို သူမက
ထည့်တွက်ထားမှာ မဟုတ်ဘူးလေ….။ ပြီးတော့ လူ့လောဘကလည်း
အတောမသတ်နိုင်ဆိုတော့ Car Show Room တာဝန်ခံဘ၀ရောက်အောင် ကြိုးစားရင်း
နှစ်အနည်းငယ်မှာပဲ ကျွန်တော့် ဆန္ဒတွေ ပြည့်ဝလာခဲ့တယ်…..။မီပေးခဲ့တဲ့
မခံချင်စိတ်လေးတွေကြောင့်ထင်ပါရဲ့……ကျွန်တော့်ဘ၀က အနည်းငယ်
တောက်ပလာပြီ…..။ကျွန်တော့်မီရဲ့ အထင်သေးခြင်းခံရတဲ့ဘ၀ကို
ပြုံးပြချင်လာခဲ့ပြီလေ……ကျွန်တော့်ဝင်ငွေအားလုံးကို ခြိုးခြံချွေတာ
စုဆောင်းရင်း ကားဝပ်ရှော့ဖွင့်ဖို့ ထပ်ပြီး
အားသန်လာခဲ့ပြန်တော့…..ကျွန်တော့်ကို ကျွန်တော်
အတားအဆီးမရှိ……ဖြစ်ကိုဖြစ်ရမယ်လို့ အားပေးခဲ့တယ်……။နောက်တော့ ကျွန်တော့်
မိတ်ဆွေတစ်ယောက်နဲ့ စပ်တူ ကားဝပ်ရှော့လေးတစ်ခု
ဖွင့်လှစ်နိုင်ခဲ့ပါတယ်…..။ နေရာကပဲ ကောင်းလို့လား…..ကျွန်တော်တို့ကပဲ
ကံစပ်လို့လားတော့ မသိပါဘူး…..အဲဒီ့လုပ်ငန်းက အတော်အသင့် အောင်မြင်တယ်လို့
ပြောလို့ရပါတယ်…..။
အဲဒီ့ကနေတဆင့် အမြတ်တွေစုပြီး ကားအလှဆင်လုပ်ငန်းပါ
ထပ်တိုးချဲ့ပြန်တော့လည်း ခုခေတ်လူငယ်တွေအကြိုက် Fancy ဒီဇိုင်းတွေ
လုပ်ပေးနိုင်တာမို့ ကျွန်တော်တို့ လုပ်ငန်းဟာ သိပ်မကြာခင်မှာပဲ
လုပ်ငန်းကြီးဖြစ်လာခဲ့ပါတယ်…..။ခုဆို ကျွန်တော် ချမ်းသာလိုက်တာလို့
ပြောယူရလောက်အောင် ပိုက်ဆံတွေရှိနေပြီ……။ မီ့ကို သိပ်သနားတာပါပဲ…….သူ
စွန့်ပစ်ခဲ့ကတည်းက ကျွန်တော်ရရှိလာတဲ့ ကံကောင်းခြင်းတွေ သူမ
မစံစားရဘူးနော်…..။

ကျွန်တော့ကို အိမ်ထောင်ပြုဖို့ တိုက်တွန်းနေကြပြီလေ…..။ သွားစမ်းပါ အရင်က
ကျွန်တော်ဘ၀နဲ့ဆိုရင်ရော ဘယ်သူကမှ လှည့်တောင်ကြည့်ကြမှာ မဟုတ်ဘူးလေ…..။
ကျွန်တော် ဒိလိုတွေ တွေးတတ်လာအောင် မီက အတွေးတွေထည့်ပေးခဲ့တာကိုဗျ…..။
သူငယ်ချင်းတွေကတော့ ကျွန်တော် မီ့ကို စွဲလန်းနေတုန်းပဲလို့
ကောက်ချက်ချကြပါတယ်…..။ ဟုတ်ပါတယ် ကျွန်တော် မီ့ကို မမေ့ပါဘူး…..။
ဒါပေမယ့် တသသ လွမ်းမောရင်းနဲ့တော့မဟုတ်ဘူး…..တမြည့်မြည့်
နာကျဉ်းရင်းနဲ့…..။ ။ကျွန်တော် ရှေ့လထဲမှာ
စင်္ကာပူသွားလည်ဖို့အစီအစဉ်ရှိတယ်……။မီ့ကို သတိရတယ်ဆိုတာကလည်း သူ
ထားရစ်ခဲ့တဲ့ ကျွန်တော့်ရဲ့ အနာဂတ်အကြောင်း သူမကို အသိပေးချင်လို့……။
။ကျွန်တော် ရှေ့လထဲမှာ စင်္ကာပူသွားလည်ဖို့အစီအစဉ်ရှိတယ်……။ လုပ်ငန်းအတွက်
လိုအပ်တာလေးတွေ လေ့လာရင်း အခွင့်ရှိသေးရင်ဆို တဲ့ မျှော်လင့်ချက်နဲ့
မီနဲ့တိုက်ဆိုင်မှုတစ်ခုခုကိုများ ကံတရားက ပေးလေမလားဆိုတဲ့
ယုံကြည်ချက်နဲ့သွားမှာ……။

ကျွန်တော် လေဆိပ်ကို သွားတဲ့လမ်းမှာ မိုးက တော်တော်
ပြင်းပြင်းရွာနေတယ်….။ မီးပွိုင့်တစ်ခုမှာ ကားရပ်ထားတုန်း မိုးရေထဲမှာ
ထီးတစ်ချောင်းတည်းကို မလုံမလဲ စောင်းပြီး ကားလမ်းဖြတ်ကူးဖို့ ရပ်နေတဲ့
အသက် ၆၅ ပတ်ဝန်းကျင်လောက်ရှိမယ့် စုံတွဲဆီ အမှတ်မထင်
ကျွန်တော့်အကြည့်တို့ရောက်သွားမိတယ်…..။
သူတို့ ကျွန်တော့်ကားရှိရာသို့ တဖြည်းဖြည်းချင်း နီးကပ်လာတဲ့အခါ…….
မီ့ရဲ့ မိဘ(၂)ပါးဆိုတာ ကျွန်တော် ဇဝေဇ၀ါ မဖြစ်နေဘဲ ကောင်းမွန်စွာ
သိမြင်သွားတယ်…..။သူတို့ မီရှိရာကို
လိုက်မသွားကြဘူးလား…..။ဒီလောက်မိုးရွာကြီးထဲ ဒုက္ခခံပြီး ဘယ်ကိုများ
သွားဦးမလို့ပါလိမ့်……သူတို့(၂)ယောက်မျက်နှာမှာလည်း ၀မ်းနည်းခြင်းတွေနဲ့
ညှိုးငယ်မှုတွေ စွန်းထင်းနေတာ တွေ့ရတယ်…..။ သူတို့ သွားမယ့်ခရီးက
ဘယ်ကိုလဲဆိုတာ ကျွန်တော်မသိပေမယ့် သိပ်မဝေးဘူးဆိုရင် ကျွန်တော့်
ကားနဲ့ခေါ်တင်ပြီး လိုက်ပို့ပေးချင်မိတယ်…..။ ဒါကြောင့် ကားပေါ်က
ခဏဆင်းပြီး သူတို့ကို နှုတ်ဆက်လိုက်တဲ့အခါ……..သူတို့၂ယောက်လုံးဟာ အရင်က
ကျွန်တော် တွေ့ဖူးတာထက် များစွာ ညှိုးနွမ်းနေရုံမကပဲ အ၀တ်အစားတွေကပါ
သစ်လွင်မှုတွေ အတိ ပျောက်ဆုံးနေတဲ့အပြင် ဟောင်းဆွေးနေပုံရတယ်…..။
သမီးတစ်ယောက်လုံး စင်္ကာပူမှာရှိနေပြီး ဒီလောက်လေးတောင်
မထောက်ပံ့ရကောင်းလား မီရာ ဆိုတဲ့ စိတ်နဲ့ မီ့ကို
အပြစ်လှမ်းတင်မိနေတုန်းမှာပဲ မီးပွိုင့်က စိမ်းတော့မှာမို့
“ဦးလေးတို့ ကျွန်တော် မီ့သူငယ်ချင်းပါ……ဦးလေးတို့
ဘယ်သွားမှာလဲဟင်……ကျွန်တော်လိုက်ပို့ပေးမယ်….ကားပေါ်တက်နော် ”လို့
ပြောပြီး ကားတံခါး ကို တရိုတသေ ကျွန်တော်က
ဆွဲဖွင့်ပေးတော့……….သူတို့၂ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
တွေဝေနေပုံရပါတယ်…..။
ကျွန်တော်ကပဲ ထပ်ပြီး “ကျွန်တော်နဲ့မီက လွန်ခဲ့တဲ့ ၉
နှစ်လောက်တုန်းကတည်းက ခင်ခဲ့ကြတာပါ ခုတော့ မတွေ့ဖြစ်တော့ပါဘူး…..ဦးတို့
အိမ်ကိုလည်း ကျွန်တော် မီ့သူငယ်ချင်းတွေနဲ့ ရောက်ဖူးပါတယ်…..
မီ့ ၂၁ နှစ်မွေးနေ့တုန်းကပေါ့…..။”
ကျွန်တော့်စကားဆုံးတဲ့အခါ….မီးပွိုင့်က စိမ်းပြီမို့ သူတို့(၂)ဦး
အားတုံ့အားနာ ဖြစ်သောကြောင့်လားမသိ….ကျွန်တော့်ကားပေါ်ပါလာခဲ့ပါတော့တယ်…..။

သူတို့ ကျွန်တော့်ကားပေါ်ရောက်တော့ ကားဒရိုင်ဘာက ကျွန်တော့်ကို
အူကြောင်ကြောင်အကြည့်မျိုးနဲ့ ကြည့်လာမှ ကျွန်တော် သွားရမယ့်ခရီးကို
သတိပြန်ရသွားမိတယ်…..။ ဒါပေမယ့် မတတ်နိုင်ဘူးလေ…..မိုးထဲရေထဲ
သက်ကြီးရွယ်အို(၂)ယောက် ဒုက္ခမရောက်သွားဖို့က အရေးကြီးတယ်…။
ကျွန်တော့်အတွက် Air ticket canclation fees က ဘယ်လောက်မှ
အရေးမကြီးပါဘူး…….။ ခု သူတို့ ကျွန်တော့်အခြေအနေသိသွားပြီး ကျွန်တော်
စင်္ကာပူသွားမယ်ဆိုတာ သိမှ မီ့ကို ပြန်ပြောရင် မီလည်း ကျွန်တော့်အကြောင်း
သိသွားမှာ……။ ပြီးတော့ သူတို့ မီ့အတွက် လူကြုံပေးစရာရှိနေရင်
မီ့ဖုန်းနံပါတ်ပါရသေးတယ်လို့တွေးပြီး ကိုယ့်တိုက်ဆိုင်မှုကို တစ်ယောက်တည်း
ကျေနပ်နေတုန်း “ ဆရာ ဒါဆို ခု ကျွန်တော် ဘယ်ကို မောင်းပေးရမလဲ ”ဆိုတဲ့
အမေးသံကြားမှ
“သြော် ဟုတ်သားပဲ ကျွန်တော် ဘယ်ကို ပို့ပေးရမလဲခင်ဗျ
ကျွန်တော့်ကို အားမနာပါနဲ့ သွားမယ့်နေရာကို ပြောပါ……”.ဟု ကျွန်တော်က ပြောတော့
မီ့မေမေဖြစ်သူက
မြို့အစွန်က သချိုင်္င်းလေးကိုပါကွယ် လို့ ပြန်ဖြေပြီး အသံတိတ်သွားပါတယ်…..။
ထိုစကားကို ကြားတော့ ကျွန်တော် ကြက်သီးမွှေးညှင်းတွေထသွားမိတယ်…..
စိတ်ထဲကလည်း ငါတော့မှားပြီထင်တယ်လို့ တွေးမိရင်း ဟာကွာ ဘာဖြစ်လဲ ယူတတ်ရင်
ကုသိုလ်တောင်ရပါသေးတယ် ဟု ကိုယ့်ကိုယ်ကို ပြန်ဖြေသိမ့်ရင်း မောင်းကွာလို့
အမိန့်ပေးလိုက်မိပါတယ်…..။

သုသာန်ကိုရောက်တော့ မိုးက ရွာကောင်းနေတုန်း…….။
သူတို့၂ယောက် ထီးတစ်ချောင်းတည်း ဆောင်းပြီး ကားပေါ်က ဆင်းသွားတော့ ကားထဲမှ
ထီးအပိုတစ်ချောင်းထုတ်ပြီး ကျွန်တော် သူတို့ဆီ လိုက်ပေးမိပါတယ်…….။
မီ့ဖခင်က ကျေးဇူးပါ မောင်ရင်ရယ် တခါတည်း မင်း သူငယ်ချင်းကိုပါ
ဝင်နှုတ်ဆက်သွားပါဦးလား ဆိုတဲ့ စကားကိုကြားရတော့ ကျွန်တော့် ခေါင်းကို
မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရတယ်…..။
ကျွန်တော်က မီရှိတဲ့ စင်္ကာပူကို သွားမှာလေ…….
ခု ကျွန်တော်ရောက်နေတဲ့ နေရာမှာ မီရှိနေတယ်ဆိုတာ
မဖြစ်နိုင်စရာ…….ကျွန်တော့် ခြေလှမ်းတွေ သူတို့နောက် ထပ်ကြပ်မကွာ
လိုက်နိုင်သွားအောင် ထိုစကားက ညှို့ယူဖမ်းစားသွားပါတယ်…….။
မိုးရေထဲမှာ သိပ်မသည်းကွဲတဲ့ မီ (၂၂) နှစ် …..၅ ရက် ၂ လ ၂၀၀၆ တွင်
ကွယ်လွန်အနိစ္စရောက်သည် ဟူသော ကျောက်သားဖြူဖြူပေါ်က စာလုံးတွေကို တွေ့တော့
ကျွန်တော် ပိုပီးသေချာအောင် အပြေးသွားမိတယ်…….။ ကျွန်တော့်မျက်စိကို
ကျွန်တော် မယုံနိုင်လောက်အောင် ကို တုန်လှုပ်နေမိဆဲ…..။
ဒါ မီမဖြစ်နိုင်ဘူး……လို့ ကျွန်တော်လက်ခံဖို့ တွန့်ဆုတ်နေရင်း
ကျွန်တော်နဲ့ မီ လမ်းခွဲခဲ့တဲ့ 21 DEC 2005 က မီ့စကားတွေကသာ
အမှန်ဖြစ်နေပါစေလို့ ဆုတောင်းနေမိတုန်းမှာပဲ…….မီ့မေမေရဲ့ လက်ထဲက
သကြားလုံးနဲ့ ချောက်လက်တွေ အပြည့်ထည့်ထားတဲ့ ဖန်ဘူးတွေကို
မြင်လိုက်တဲ့အခါ………………ကျွန်တော်ဟာ မိုးရေထဲမှာ…….အသက်မရှိသလို
တောင့်တင်းသွားတယ်……။ မီ့မေမေရဲ့ “သမီးရေ…..ဒီဗူးတွေရဲ့ ပိုင်ရှင်က
ခုချိန်တွေထိ မပေါ်လာသေးပါဘူးကွယ်……သမီးနဲ့ပဲ မေမေတို့ ချန်ထားခဲ့ပါရစေ
သမီးလေးရယ် ”လို့ စို့နင့်ကြေကွဲစွာ ပြောနေတဲ့ စကားလုံးတိုင်းဟာ
ကျွန်တော့် နှလုံးသားကို ဖိညှစ်နေသလိုပါပဲ……။
“မောင်ရင်မသိသေးဘူးထင်တယ်…..သမီးလေးက ကင်ဆာရောဂါနဲ့ ဆုံးခဲ့တာ ခုဆို ၇
နှစ်တောင်ကျော်ခဲ့ပြီ…..သမီးလေးရဲ့ ချစ်သူကို သိရင်လည်း
ပြောပေးပါကွာ……သမီးလေးကို အထင်တွေ ဆက်မလွဲပါတော့နဲ့ လို့………” …………..
…………….. ကျွန်တော် ထိုစကားတွေကို တုံ့ပြန်နိုင်စွမ်း မရှိတော့ပါ…….။ ၇
နှစ်လုံးလုံး သူမအပေါ် မုန်းတီး ခံပြင်းနေမိတဲ့ ကျွန်တော့်ကို သူမ
ခွင့်လွှတ်စေဖို့အတွက် ကျွန်တော် တောင်းပန်ဖို့ ….ကျွန်တော်
ဘယ်လိုတောင်းပန်စကားမျိုးမှ ရှာဖွေမရတော့ပါဘူး….။
မီက ကျွန်တော့်ကို သူမရဲ့ နောက်ဆုံးအချိန်မေ၇ာက်ခင် ၂ လနီးပါးအလိုမှာ
စိတ်နာစေလိုမှုနဲ့ လမ်းခွဲခဲ့ပြီး…..ကျွန်တော့်ဘ၀ကို
မြှင့်တင်ပေးခဲ့တာတဲ့ဗျာ……။
ကျွန်တော်……ငိုနေရုံက လွဲပြီး အတိတ်တွေကို ဘယ်လို ပြန်ပေးဆပ်ခွင့်ရနိုင်မလဲ…..?????

မီ………. သူမရဲ့အချစ်က ကျွန်တော့်အတွက် အမွန်မြတ်ဆုံးပါပဲ…….။
မီဟာ……သူမရဲ့အချစ်တွေနဲ့ ကျွန်တော့်အနာဂတ်ကို လင်းလက်စေခဲ့တဲ့ မိန်းကလေး……။
သူမရဲ့ နောက်ဆုံးအချိန်မှာ ကျွန်တော့်ရဲ့ အမုန်းတွေကို ထမ်းပိုးပြီး
လောကကြီးကို ကျောခိုင်းခဲ့တဲ့ မိန်းကလေး…….။
ကျွန်တော့်အတွက် မီဟာ အစားထိုးမရတဲ့ ချစ်သူ ဖြစ်သလို…..မီ့ရဲ့ အချစ်ဟာ
ကျွန်တော့်အတွက် တန်ဖိုးမဖြတ်ထိုက်တဲ့ ထာဝစဉ်ဖြစ်တည်ခြင်းတရားပါပဲ…….။

(Website တစ်ခုမှ Short Story လေးကို မှီငြမ်းကိုးကားသည်။)
အလွမ်းကေသရီ
In: ဝတ္ထု Posted By: Date: May 31, 2013
Comment #1

အစ်မ အားပေးသွားတယ်နော်

commentinfo By: မေပျို at Jun 1, 2013
Comment #2

inn…………..sat kyo sar pr..shwezin tho ka sat arr pay pho wait nay mal…ma ma yay..

commentinfo By: shwezin myatno at Jun 1, 2013
Comment #3

ကျေးဇူးပါ ရွှေစင်
ကေ ဆက်ရေးဖြစ်မှာပါ
အားပေးတာ အကြီးကြီး ကျေးဇူးတင်တယိ ။ ။

commentinfo By: ကေသရီ at Jun 1, 2013
Comment #4

နောက်လည်းများများရေးအားပေးနေမယ်။

commentinfo By: maysin at Jun 15, 2013
Comment #5

အရမ်းဖတ်လို့ကောင်းပါတယ်..အစ်မ..ဆက်ကြိုးစားပါ

commentinfo By: niaallin at Jul 3, 2013
Comment #6

အမရယ် အရမ်းသဘောကျတာပဲ

commentinfo By: han mo at Jul 4, 2013
Comment #7

အားပေးသွားတယ်နော်

commentinfo By: Tway at Aug 20, 2013
Comment #8

ကျေးဇူးတင်ပါတယ် ရှင် 🙂

commentinfo By: ကေသရီ at Aug 20, 2013
Comment #9

:'(

commentinfo By: Kisama_Mya at Apr 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment