Professional Authors

ဆေးဆိုးပန်းရိုက်အလှူ (သက်ထွေး)

မင်းက
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့
ဘုရားတည်ချင်သူ ..
ငါ့အသည်းကို
မင်းအတွက်လှူပါတယ်။

မင်းလိုချင်တဲ့
ချိတ်ရာကင်းတဲ့
ငါးတော့မဟုတ်ဘူး ..
(အသက်ရှုသံချင်းတော့
တူလိမ့်မယ် ..) ။

နက်တိုင်တွေကြားထဲ
ငါ့ပုဆိုးပေါက်လေး
မျက်နှာငယ်
နီယွန်မီးရောင်စုံတွေကြားထဲ
ငါ့အသည်းထာပနာပွဲ
ဝိုင်တစ်ခွက်နဲ့
မင်းအဆုံးသတ်ခဲ့တယ်လား ။

သာဓုခေါ်…ရယ်သံတွေနဲ့
သွန်းလောင်းပစ်လိုက်ပေတော့
မင်းသာယာစေဖို့
ငါဟာ
ခေါင်းလောင်းဖြစ်ခဲ့ပြီ။

ငါ့သွေးကိုဖောက်
ဆေးဆိုးပန်းရိုက်
အလှူရေစက်ချကြပေတော့ ..

ငါ ……
ငါ…………

ငါ့အတွက်
ကျောက်စာ
မဟုတ်ရင်…နေ
အလှူခံဖြတ်ပိုင်းလေးတော့
ကမ်းသွားလှည့်။

သက်ထွေး
ဇူလိုင် ၁၁ ၂ဝဝ၇

In: ကဗျာ Posted By: Date: May 17, 2010
Comment #1

ခေါင်းလောင်းကြီးရေ…မိုက်တယ်ဗျာ

commentinfo By: အသဲကွဲမိုး at Jan 3, 2011
Comment #2

tin taung~ tin taung~ (hehe bro ဟာ ခေါင်းလောင်းဖြစ်ခဲ့ပြီ ဆိုလို့တီးကြည့်တာာ:P)
tin taung~
ကဗျာလေးကောင်းတယ် ပြောချင်လို့ပါ..
tin taung~ tin taung~

မင်းက
ဆေးဆိုးပန်းရိုက်မျက်နှာနဲ့
ဘုရားတည်ချင်သူ ..
ငါ့အသည်းကို
မင်းအတွက်လှူပါတယ်။

နက်တိုင်တွေကြားထဲ
ငါ့ပုဆိုးပေါက်လေး
မျက်နှာငယ်
နီယွန်မီးရောင်စုံတွေကြားထဲ
ငါ့အသည်းထာပနာပွဲ
ဝိုင်တစ်ခွက်နဲ့
မင်းအဆုံးသတ်ခဲ့တယ်လား ။

သာဓုခေါ်…ရယ်သံတွေနဲ့
သွန်းလောင်းပစ်လိုက်ပေတော့
မင်းသာယာစေဖို့
ငါဟာ
ခေါင်းလောင်းဖြစ်ခဲ့ပြီ။

အဲဒါလေးတွေ မိုက်တယ်..

tin taung~tin taung~
အတည်ပြောတာာာာာာာာ..
(:

commentinfo By: ဖြိုးဖြိုး at May 28, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment