“မောင်” နင် နားလည်သင့်ပြီ….။ ။
“မောင်” နင် နားလည်သင့်ပြီ
နင့်ရဲ့ အဝေးက ငါ
နင့်အတွက်ပဲ သစ္စာထား
ဖျောက်ဖျက်ထားတဲ့ သံယောဇဉ်တွေနဲ့
ဘ၀ အဆက်ဆက်ပေးဆပ်ရဲတဲ့ ငါ့ အချစ်တွေကို….။
“မောင်” နင် နားလည်သင့်ပြီ
ဘယ်တော့မှလည်း အပြစ်မဖွဲ့
နင် ချစ်လို့မရလည်း
ငါ ……
တစ်ကမ္ဘာမကတဲ့ မျှော်လင့်ချက်တွေ ပွေ့ပိုက်
မုန်းမေ့နိုင်ဖို့ မကြိုးစားမိတဲ့ ငါ့ အကြောင်းကို….။
“မောင်” နင် နားလည်သင့်ပြီ
နင့်ပျော်ရွှင်ရာတွေ လမ်းပြ
နင့် ယုံကြည်မှုတွေ တိုက်တွန်း
နင်အားငယ်တိုင်း ရင်ဘတ်ချင်းထပ်တူ
အပူအပင်တွေ မျှဝေယူပေးခဲ့တဲ့ ငါ့မေတ္တာတရားကို…..။
“မောင်” နင် နားလည်သင့်ပြီ
နင့်ကျရှုံးခြင်းတွေထဲ ငါ့စိတ်အစဉ်ပါ မျောပါး
နင့်ဘေးနားမှာ ……
ရင်ဆိုင်လိုခြင်း စွမ်းရည်နဲ့
နင့်အိပ်မက်တွေ အတူတူတည်ဆောက်ပေးခဲ့ဖူးသော
ငါ့……….ရှင်သန်နေရခြင်း တချို့တ၀က်ကို….။
“မောင်” နင် နားလည်သင့်ပြီ
ဘယ်သူနဲ့မှ ယှဉ်လို့မရ
ဘယ်သူကမှ ငါ့လောက်မချစ်နိုင်တဲ့အခါ
နင့် မသိစိတ်ဒွန်တွဲ
နာနာကျင်ကျင်တမ်းတနေတတ်တဲ့
သံယောဇဉ်တချို့အကြောင်းကို…..။
“မောင်” နင် နားလည်သင့်ပြီ
နင်မှနင် ကိုးကွယ်
ရက်စက်ထားသမျှ နေသားတကျနဲ့
နင်ပြန်လာမယ့်လမ်း
မျှော်မှန်းနေရင်း…..
ဥပေက္ခာရဲ့ ထိုးနှက်မှုတွေ
အချိန်အခါတိုင်း နှိပ်စက်သမျှ ခံနေရတဲ့ ငါ့ ဘ၀ ဆိုတာကို…..။
Comment #2
“မောင်” နင် နားလည်သင့်ပြီ
ဘယ်သူနဲ့မှ ယှဉ်လို့မရ
ဘယ်သူကမှ ငါ့လောက်မချစ်နိုင်တဲ့အခါ
နင့် မသိစိတ်ဒွန်တွဲ
နာနာကျင်ကျင်တမ်းတနေတတ်တဲ့
သံယောဇဉ်တချို့အကြောင်းကို…..။
“မောင်” နင် နားလည်သင့်ပြီ
နင်မှနင် ကိုးကွယ်
ရက်စက်ထားသမျှ နေသားတကျနဲ့
နင်ပြန်လာမယ့်လမ်း
မျှော်မှန်းနေရင်း…..
ဥပေက္ခာရဲ့ ထိုးနှက်မှုတွေ
အချိန်အခါတိုင်း နှိပ်စက်သမျှ ခံနေရတဲ့ ငါ့ ဘ၀ ဆိုတာကို…..။
………………………………………………
………………… :'(
By: အသဲကွဲမိုး at Jun 21, 2011
Comment #3
nice
By: ei lay at Jul 15, 2011
Comment #4
i like so so much.
i like so so much.
By: ei lay at Sep 14, 2011
Comment #6
“mg” nin nar le tint p
By: ei lay at Jan 30, 2012




Comment #1
နင် နားလည်သင့်ပြီ
နင်မှနင် ကိုးကွယ်
ရက်စက်ထားသမျှ နေသားတကျနဲ့
နင်ပြန်လာမယ့်လမ်း
မျှော်မှန်းနေရင်း…..
ဥပေက္ခာရဲ့ ထိုးနှက်မှုတွေ
အချိန်အခါတိုင်း နှိပ်စက်သမျှ ခံနေရတဲ့ ငါ့ ဘ၀ ဆိုတာကို…
မကေ…အားပေးသွားတယ်