Professional Authors

ရင်နင့်…….ကဗျာ…။ ။

အဆိုးရွားဆုံးသော တိုက်ဆိုင်မှုတွေရဲ့အောက်မှာ
ကွဲခဲ့တဲ့ နှလုံးသားက လုံးပါးပါး….
တစ်နေ့ထက်တစ်နေ့
မေ့လို့မဖြစ် မုန်းပြီးမပစ်ရက်ဘဲ
အစွဲလန်းကြီး စွဲလန်းမိနေရင်း……
သိပ်သိချင်ပါတယ်…..
ကျွန်မကဲ့သို့ ကြေကွဲနေရဲ့လား….? ဆိုတာ…..

သေချာခဲ့ပြီဖြစ်သော
တစ်ယောက်တည်း ကျွန်မဘ၀…
သတိရမိတဲ့အခါခါတွေတိုင်း
နင်းမချရက်ခဲ့သော….အမှတ်တရတွေ
ခုထက်ထိ နာစရာမဲ့……ဒဏ်ရာမဲ့
သူတို့ချည်း အသက်ဝင်နေကြဆဲပါ….။

အသိမပေးချင်တော့တဲ့
ခံစားရခြင်းတွေ…..
ဖရိုဖရဲ ထိုးနှက်နေခဲ့
နေရစ်ခဲ့ရတဲ့ဘ၀မှာလေ…..မျှော်လင့်ချက်တွေ အားနည်းသွားတယ်….။

အချစ်နဲ့ဘ၀ လွန်ဆွဲကြတဲ့အခါ
ဆုံးဖြတ်ခွင့်မရဘဲ…..ဘ၀အနောက်သို့ ကောက်ကောက်ပါ….
ကံတရားက ပေးတဲ့လက်ဆောင်မှာ ဘာ့ကြောင့် မောင် မပါခဲ့ရတာလဲ…..?

လှုပ်ရှားနေရသမျှ နေ့နဲ့ညတွေထဲ
ခတ္တခဏရပ်နား
မောင့်အတွက် အခုထိ လွမ်းရချိန်တွေ စားသုံးနေမိဆဲ…..။

အချိန်ကပေးမယ့် ရင့်ကျက်မှုတစ်ခုကို
လိုချင်တောင့်တစွာ စောင့်စားယူရင်း…….
အကျင့်ပါနေတဲ့ ခင်တွယ်ရခြင်းတွေနဲ့
“မောင် နဲ့ ကျွန်မ ” ဆိုတဲ့ အမည်ဝင်္ကာပါထဲသို့သာ ကျွန်မ ကျွံကျနေမိတယ်….။

အရာရာကို ဂရုစိုက်စေချင်ပါတယ်
ကိုယ်တိုင် ကိုယ်ကျ မောင့် ကြင်ဖော် ဖြစ်ခွင့်မရတဲ့နောက်…
မမြင်ကွယ်ရာမှာ အစစအရာရာ ပူပန်ပေးရင်း
” ပြန်လာပါ” လို့ ခေါ်ချင်သံကို
မဖြစ်သင့်မှုတွေနဲ့ သော့ပိတ်
ရင်ခုန်သံတွေ အမှောင်ကျစေရင်း…….
ငိုချင်နေတုန်းပါပဲ……
လှည့်စားခံရခြင်းတွေတောင်…မြတ်နိုးနေခွင့်မရတော့တဲ့……..ရှင်သန်မှုတစ်ခုအတွက်ပေါ့……။

 

အလွမ်း(ကေသရီ)


In: ကဗျာ Posted By: Date: Dec 6, 2011
Comment #1

ngo like dot me naw

commentinfo By: ei lay at Dec 6, 2011
Comment #2

အချစ်နဲ့ဘ၀ လွန်ဆွဲကြတဲ့အခါ
ဆုံးဖြတ်ခွင့်မရဘဲ…..ဘ၀အနောက်သို့ ကောက်ကောက်ပါ….
ကံတရားက ပေးတဲ့လက်ဆောင်မှာ ဘာ့ကြောင့် မောင် မပါခဲ့ရတာလဲ…..?

Comment #3

အချိန်ကပေးမယ့် ရင့်ကျက်မှုတစ်ခုကို
လိုချင်တောင့်တစွာ စောင့်စားယူရင်း…….
အကျင့်ပါနေတဲ့ ခင်တွယ်ရခြင်းတွေနဲ့
“မောင် နဲ့ ကျွန်မ ” ဆိုတဲ့ အမည်ဝင်္ကာပါထဲသို့သာ ကျွန်မ ကျွံကျနေမိတယ်….။

အရာရာကို ဂရုစိုက်စေချင်ပါတယ်
ကိုယ်တိုင် ကိုယ်ကျ မောင့် ကြင်ဖော် ဖြစ်ခွင့်မရတဲ့နောက်…
မမြင်ကွယ်ရာမှာ အစစအရာရာ ပူပန်ပေးရင်း
” ပြန်လာပါ” လို့ ခေါ်ချင်သံကို
မဖြစ်သင့်မှုတွေနဲ့ သော့ပိတ်
ရင်ခုန်သံတွေ အမှောင်ကျစေရင်း…….
ငိုချင်နေတုန်းပါပဲ……
လှည့်စားခံရခြင်းတွေတောင်…မြတ်နိုးနေခွင့်မရတော့တဲ့……..ရှင်သန်မှုတစ်ခုအတွက်ပေါ့……။
..
အလွမ်းရေ…အရမ်းကြိုက်တယ်ဗျာ..ကဗျာလေး…ထိတယ်

commentinfo By: အသဲကွဲမိုး at Dec 7, 2011
Comment #4

အချိန်ကပေးမယ့် ရင့်ကျက်မှုတစ်ခုကို
လိုချင်တောင့်တစွာ စောင့်စားယူရင်း…….
အကျင့်ပါနေတဲ့ ခင်တွယ်ရခြင်းတွေနဲ့
“မောင် နဲ့ ကျွန်မ ” ဆိုတဲ့ အမည်ဝင်္ကာပါထဲသို့သာ ကျွံကျနေမိတယ်….။
အလွမ်း….ခံစားချက်တွေနဲ့ ထိတယ်ဗျာ…အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Dec 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment