Professional Authors

…………………

ဟော….ဟိုးမှာကြည့်

တိမ်တွေ လိမ္မော်ရောင်ထနေတယ်…

ဒါဟာ သူ့ ရဲ့ နုတ်ဆက်မှုပေါ့…..

သူ ပစ်ချခဲ့တဲ့ ခရမ်းဆွဲကျောက်တစ်ပွင့်နဲ့

နေအညို ရင့်ထဲ ငါ့ ကိုထားခဲ့တယ်။

သူ့ရဲ့ ရနံ့တွေလည်း

အိပ်မက်တွေထဲ လိုက်အဆိပ်သင့်ခဲ့…..

ငါ ကတော့…

နင် ရှိမဲ့ အတိတ်တွေထဲ တိုးဝေ့နေမိဆဲပဲ…..။

လတ်တလော ဖြစ်  ပျက်

ငါ့ ရှေ့က ရူးသွပ်မှုထဲ

ကပက်ချီနို တစ်ခွက် သတိတရ ပျစ်ခဲ

နေ့တစ်ချို့ဆီကထက်

ပိုပြီး ခါးသက်နေခဲ့တယ်…..။

လာပါ…..

ဟောဒီ ရင်ဘတ်ထဲ

ကြေကွဲခြင်းတွေ လာပါ…

သတိရခြင်းတွေ ဆက်လာပါ……

နာကျင်ခြင်းတွေ ထပ်ကာထပ်ကာလာပါ………

ဒါပေမယ့်

ငါ့ နေရပ် ရင်ကွဲပက်လက်ရပ်ကွက်က ပြောချင်တယ်

 

အဲ့ဒီ ခံစားမှုတွေသာ မရှိခဲ့ရင်

 

နင် အပျော်ကစားဖို့

စွန်ကလေးလို…

ခေါက်ရိုးချိုးခံရတဲ့ စာရွက်တစ်ရွက် ဖြစ်ခဲ့ရလည်း

ငါ….. ကျေနပ်တယ်။     ။

 

                                       စုန်းပြူး

In: ကဗျာ Posted By: Date: Feb 16, 2012
Comment #1

oh,,,
d lout taung pe lar shin?
a yan ko lae sar arr kya mi par de,,

commentinfo By: ei lay at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment