Professional Authors

မင်းသိရင်

တမ်းတခြင်းတွေက
စက္ကန့်မလပ်ဖိစီးနှိပ်စက်ကြတယ်
ကျောခိုင်းပြီးမှ
နောင်တတွေတပွေ့တပိုက်ကြီးနဲ့
မနေတတ်မထိုင်တတ်ဖြစ်နေရပြီ
အချစ်စစ်မဟုတ်နိုင်မှန်းသိလို့
စောစောနှုတ်ဆက်ခဲ့ရတာပါ…..
ဒါပေမယ့်
မေ့ပစ်ဖို့ဆိုတာကခက်လှတယ်။
ဘာတွေနဲ့ပဲအစားထိုးထိုး
လွမ်းဆွတ်ခြင်းတွေက တိုးလို့သာလာတယ်
မျိုးကြီးသီချင်းလို
မင်းသိဖို့ကောင်းတယ် လို့မပြောချင်ပေမယ့်
မင်းသိရင် သိပ်ကောင်းမှာပဲနော်။

In: ကဗျာ Posted By: Date: Jul 14, 2011
Comment #1

အား…ကောင်းလိုက်တာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jul 15, 2011
Comment #2

wow………
good……….
100% right.

commentinfo By: ei lay at Jul 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment