Professional Authors

မတူခြင်းများ….

တချို့တွေက ငိုကြွေးနေတဲ့အချိန်
တချို့တွေက ပျော်ပျော်ကြီးစည်းစိမ်ခံနေတယ်….
တချို့တွေက တနေ့စာအတွက် မောပန်းနေတဲ့အချိန်
တချို့တွေကတော့ Shopping Centerတွေရဲ့ မီးရောင်တွေအောက် မှာ
ရတနာစိန်ကျောက်ဇယ်တောက်နေကြတယ်။
တချို့တွေကငတ်မွတ်နေတဲ့အချိန်
တချို့တွေက အဆီတက်နေကြတယ်…
တချို့ကေ၇ာဂါအကြီးစားကြီးကိုတောင် ဆေးမြီးတိုနဲ့ကုရင်းအသက်ဆုံးရှုံးနေရတဲ့အချိန်
တချို့တွေက နှာစီးတာလောက်ကိုအထူးကုနဲ့မှပြချင်နေတတ်တယ်…။
တချို့တွေက ဖိနပ်တရန်အတွက် သောကရောက်နေချိန်မှာ
တချို့တွေက သိန်းထောင်ကျော်တန်ကားကိုမကြိုက်လို့နောက်တစင်းပြောင်းလို့နေရဲ့……။
တချို့တွေက ကျောင်းသုံးစာအုပ်အဟောင်းလေးတွေနဲ့ မီးရောင်မှိန်မှိန်အောက်မှာ စာကျက်နေချိန်မှာ
တချို့တွေကတော့ အဲကွန်းခန်းရဲ့ အေးမြမှုအောက်မှာ ဂိုက်ဆရာမရဲ့စာသင်မှုကိုခံရတယ်….။
တချို့တွေက ………….
တချို့တွေက…………..
ဟူး……..
မတူညီမှုတွေကလည်း များလိုက်တာ…။

In: ကဗျာ Posted By: Date: Oct 29, 2011
Comment #1

ကြိုက်၏…။

commentinfo By: SoFarAwayFromU at Oct 29, 2011
Comment #2

he,,,he,,,
sate ma nyit ne.
ku to myar myar loak….sate kaung kaung htar…..
naung ba wa hti saunt sa yar ma lo par bu.khu chat chin ko a kyoe htoo hmar.

commentinfo By: ei lay at Oct 29, 2011
Comment #3

မတူညီသော ခံစားမှု နှင့် အားပေးသွားသည်
ကဗျာလေး ကောင်းတယ်

Comment #4

မှန်လိုက်တာဗျာ…..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Oct 31, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment