Professional Authors

မသိခြင်းများ

ဖျောက်ဖျက်မရတဲ့
ဒဏ်ရာတွေကိုက
ငါကိုယ်တိုင် ..
ဖန်တီးပစ်ခဲ့တာလား ..
သတိရမှု အခက်တွေဝေ
မျက်ရည်ပွင့်တွေ ဝေ
ရာသီမလပ် စွင့်လန်းတဲ့
အလွမ်းသစ်ပင်ရဲ့
အသဲကွဲ ပန်းရနံ့တွေ
အချစ်ရဲ့ ၀င်ရိုးစွန်းတစ်ဖက်မှာ ..
နာရီတွေ လည်နေတာလည်း
ငါ မသိ ..
နင် အနားမှာ
မရှိတော့တာလည်း
ငါ မသိ …
မှိုင်းမိလာခဲ့တာ …ထားသွားပြန်ပြီပေါ့လား ..

In: ကဗျာ Posted By: Date: Nov 7, 2012
Comment #1

မှိုင်းမိလာခဲ့တာ …ထားသွားပြန်ပြီပေါ့လား ..

commentinfo By: May Kha at Nov 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment