Professional Authors

မသိခြင်းများ …

ရင်ထဲက ရှင်သန်ခြင်းတွေ
အကြိမ်ကြိမ်စီးမျှောခဲ့တာ မျှော်လင့်ခဲ့တာ
ငါ ရင်ထဲမှာ မင်းရှိခဲ့မှ
အချစ်ကိုနားလည်ခဲ့တာ..
တကမ်းတမ်း…
ငါ သာ တကယ် ချစ်ခဲ့ရပါလား
မင်း အတွက်က ချစ်ခြင်းတွေ ပေါများနေပြီလား
ငါ့ စကားတွေတိုင်း ရသ မမြောက်တော့
တစ်ချို့တစ်ဝက်နဲ့ တိတ်ခဲ့ရတယ်
ငါ့ ဘဝက မိုးသည်းနေတော့
မင်းကို တစ်ခြားရင်မှာ မြင်ခဲ့ရတယ်
မင်း မေးနေတဲ့…
ဘဝနီတိလည်း မဖြေနိုင်ဘူး
သဘာဝကျတဲ့ စံချိန်တွေလည်း မရှိခဲ့ဘူး
မင်း ရာထား တဲ့ ပမာဏလည်း မသိခဲ့ဘူး
သုည နဲ့ ဒဿမ ငါ့ ဘဝပါ
အချိန်နဲ့အမျှ ကိန်းပြည့်မဖြစ်နိုင်တော့
ငါ့အချစ်တွေ ကျန်နေရစ်ပြီလား..
အချစ်ရဲ့လမ်း တွေမှာ
ငါ့ ဘက်က တစ်ရောင်တည်းမဲ့ နေတော့
တုန့်ဆိုင်းနေတဲ့ ခြေလှမ်းကို
မေးကြည့်မိပါတယ်…
ငါ တကယ် မရှိခဲ့တာလား မသိခဲ့တာလား…

In: ကဗျာ Posted By: Date: Nov 29, 2011
Comment #1

သဘာဝကျတဲ့ စံချိန်တွေလည်း မရှိခဲ့ဘူး
မင်း ရာထား တဲ့ ပမာဏလည်း မသိခဲ့ဘူး
သုည နဲ့ ဒဿမ ငါ့ ဘဝပါ
အချိန်နဲ့အမျှ ကိန်းပြည့်မဖြစ်နိုင်တော့
ငါ့အချစ်တွေ ကျန်နေရစ်ပြီလား..

Comment #2

Who am I?

commentinfo By: ei lay at Dec 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment