Professional Authors

အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်

အမှောင်ထုထည် အားကောင်းလို့
ငါ့ကို ဖုံးလွှမ်းခဲ့တဲ့ ညနက်သန်းခေါင်
အမှောင်တွင်းမှာ ငါနေရတဲ့အခိုက်တန့်
အနိုင်မခံ အရှုံးမပေးသော ငါ့စိတ်ဓာတ်တွေကို
ငါကိုယ်တိုင်ဖန်ဆင်း သတ္တိမွေးရင်း
အမေကို ကျေးဇူးမိတယ်…။

လောကဓံဇာတ်ခုံတွင်းမှာ ကကြိုးစုံ ကကြရင်း
ကြမ်းကြုတ်သော နတ်ဆိုးတို့ရဲ့ ဒီလောကတွင်းမှာ
ကံကြမ္မာဟန်ဆောင်လို့ ကျရောက်သွားလည်း
ငါကိုယ်တိုင် မတုန်လှုပ် မငိုကြွေးပဲ
ကံဇာတာ ဇာတာစစ်ဆေးလို့ ကံတရားရိုက်ချက်ပြင်းပြင်း
ထိခိုက်ခြင်း ဒဏ်ရာဒဏ်ချက်တွေကြောင့်
ငါ့နှလုံးသားနဲ့ ဦးခေါင်း သွေးသံရဲရဲ
ညွတ်တွားခြင်းမရှိ လောဘဒေါသတို့
အခြားမဲ့မှာ မရဏမင်း စစ်ခင်းခြင်း ဆိုင်းငံနေဦးမည်သာ..။

သို့သော်….
ငါ့ ဇွဲ စိတ်ဓာတ် စွမ်းအား သတ္တိသွေးတွေ တုန်လှုပ်မှု မရှိခဲ့
ငါစိတ်ဓာတ်တို့ ဦးဆောင်စွမ်းအားပြုရင်း
ငါ့ရှေ့မှာ ခေါင်းဆောင်နေမြဲလေ…

နောင်ကိုလည်း ဘယ်တော့မှ ကြောက်သွေးရှိမှာ မဟုတ်
ငါ လျှောက်လှမ်းသော သမိုင်းဟာ ခြေသံတွေ တုန်လှုပ်လို့
ကမ္ဘာမြေကို သြဇာပေးနိုင်တဲ့ စွမ်းအားတွေနဲ့ ခေါင်းဆောင်လုပ်ခဲ့…

မနက်ဖြန် သုဂတိသို့ သွာရာလမ်းမှာ ဆူးခင်းထားပါစေ
ကျဉ်းမြောင်းနေပါစေ မရဏမင်းရဲ့ အမိန့်စာတမ်း
ပြန်တမ်းလွှာ ခွေးပုရပိုဏ်တွင်းမှာ အပြစ်တွေထောင်သောင်းမက
ဖြစ်နေပါစေ ငါ အဲဒါတွေကို အလေးဂရုမပြု
ငါ သာလျှင် ကံတရားရဲ့ သခင်
ငါ သာလျှင် ဘဝရဲ့ ဖခင်
ငါ သာလျှင် ငါ့စိတ်ရဲ့ အကြီးအကဲ သမိုင်းအရှင်
ငါ သာလျှင် ငါ့ဘဝရဲ့ အရှင်သခင် ဖြစ်တယ်လေ..။

အတ္တာဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 29, 2011
Comment #1

ငါ့ ဇွဲ စိတ်ဓာတ် စွမ်းအား သတ္တိသွေးတွေ တုန်လှုပ်မှု မရှိခဲ့
ငါစိတ်ဓာတ်တို့ ဦးဆောင်စွမ်းအားပြုရင်း
ငါ့ရှေ့မှာ ခေါင်းဆောင်နေမြဲလေ…

Comment #2

နောင်ကိုလည်း ဘယ်တော့မှ ကြောက်သွေးရှိမှာ မဟုတ်
ငါ လျှောက်လှမ်းသော သမိုင်းဟာ ခြေသံတွေ တုန်လှုပ်လို့
ကမ္ဘာမြေကို သြဇာပေးနိုင်တဲ့ စွမ်းအားတွေနဲ့ ခေါင်းဆောင်လုပ်ခဲ့…

commentinfo By: Daw Shwe Ah at Oct 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment